CHAPTER 39 (unicode)

2.2K 129 3
                                    

"ကိုယ့်ကို Moon ရဲ့ depature time သေချာ
အောင် စုံးစမ်းပေးထားပါ မုန်း"

ကြားလိုက်ရတဲ့ သတင်းက တကိုယ်လုံးက အားအင်တွေ တစ်စုံတစ်ရာက ထုတ်ယူသွားသလိုမျိုး

ကိုယ့်ခြေထောက်ပေါ်တောင် ကိုယ်ကောင်း ကောင်း မရပ်နိုင်တော့၍ ဘေးနားက ကား body ကိုပင် မှီထားလိုက်ရသည်

ထို့အပြင် ခေါင်းတွေရော မျက်လုံးတွေပါ ပြာလာလေသည်

ငါတို့ ဒီလိုပဲ ပြီးသွားပြီလား Moon မဖြစ်သေးပါဘူး Moon ကို မေးရမယ်

တစ်ခါခေါ် မကိုင်

နှစ်ခါခေါ် မကိုင်

"အား"

စိတ်တိုတိုနဲ့ အော်လည်းအော် လက်ထဲက ဖုန်းကို လည်း ကိုင်ပေါက်ပစ်လိုက်သည်

ချလွမ်း!

ဘကြီးဖြိုးရော မိပုရော အလန့်တကြား ကိုယ့်နားရောက်လာသည်

"သမီး ဘာဖြစ်တာလဲ"

၂ယောက်စလုံးကို လက်ကာပြလိုက်ပြီးအသက်
ပြင်းပြင်းရှူနေလိုက်သည်

ဒီအချိန်မှာ သွေးဆူလို့မဖြစ်ဘူး စိတ်အေးအေးထားစမ်း Nile

"ဟာ ဖုန်းကကွဲသွားပြီ"
မိပုက တစစီဖြစ်သွားသည့် ဖုန်းကို ကိုယ့်လက်ထဲလာထည့်သည်

လက်မှ နာရီကြည့်လိုက်တော့ ညနေ ၅နာရီ

"ဘကြီးဖြိုး ရန်ကုန်ကို ထွက်မယ့် လေယာဉ်
ချိန်တွေ စုံစမ်းပေးပါ

ဒီညနေဖြစ်ဖြစ်၊ မနက်ဖြန်မနက်အစောပိုင်းဆုံး
ဖြစ်ဖြစ်

အစောဆုံး လေယာဉ်နဲ့ သမီး ရန်ကုန်ပြန်ရလိမ့်မယ်"

ကြောင်တောင်တောင်ဖြစ်နေသည့် ဘကြီးဖြိုးကို လောလိုက်ရသေးသည်

"ဘကြီးဖြိုး မြန်မြန်"

"အေးအေး သမီး ဘကြီးဖြိုး ဖုန်းဆက်မေးပြီး လက်မှတ်ဖြတ်လိုက်မယ်"

ပြောပြီးပြီးချင်း အိမ်ထဲဝင် ဖုန်းဆက်နေလေရဲ့

ဆက်သာ ဆက်ခိုင်းလိုက်ရသည်

ညနေ flight ရှိပါ့မလား

မနက်ဖန် စောဆုံး flight ဆိုရင်တောင် Moon ကို မီပါ့မလား

👭Eternal Love👭 [စ/ဆုံး]Donde viven las historias. Descúbrelo ahora