၂နှစ်ခန့်ကြာသော်...
"ဘကြီးဖြိုး အထုတ်တွေချပေးပါဦး"
ကလော ရောက်ရောက်ချင်း trekking ပါသွား၍ မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ အိမ်က
လေးကို လှည့်ပတ်ကြည့်နေမိသည်ကားနားရောက်လာသည့် ဘကြီးဖြိုးကို
"နောက်ခန်းက အသီးအရွက်တွေက ရွာစဉ်ကလူတွေ ထည့်ပေးလိုက်တာ ဘကြီးဖြိုး
သိပ်လတ်ဆတ်တာပဲ မယူတော့ပါဘူးဆိုတာ
မရဘူး""ရွာသားတွေက ဒီလိုပဲ သိပ်စေတနာရှိကြတာ ဒီခေါက်ဘယ်ရွာသွားတာလဲ သမီး"
"ဂေါ်ရခါးရွာ သွားတာ ဘကြီးဖြိုး
မက်မန်းသီးတွေပါခူးထည့်ပေးလိုက်တာ
ညနေ ဝိုင်စိမ်ကြတာပေါ့ခုတော့ သမီး ခဏ သွားနားလိုက်ဦးမယ်"
"အေး အေး ဒါနဲ့ သမီး"
"ဟုတ် ဘကြီးဖြိုး"
"ဘာမှ မဟုတ်တော့ပါဘူး"
ကိုယ့်ကို ပြုံးပြုံးကြီး ကြည့်ပြီး လှည့်ထွက်သွား
သည့် ဘကြီးဖြိုးကို ကြည့်ပြီး"တခုခုပြောမယ်လုပ်ပြီးမှ ဘာမှ မဟုတ်ပါဘူးဆိုတော့ ဘာလဲဟ"
ဘကြီးဖြိုး အမူအရာကြည့်ပြီး နားမလည်နိုင်
မိမိအခန်းသို့လာစဉ် basement ကို အဖြတ်
အခန်းထဲမှ သီချင်းသံလိုလိုကြားလိုက်ရသည်"သူခိုးများလား"
digital lock ကို ဖွင့် မြေအောက်ခန်းထဲသို့
တလှမ်းချင်းဝင်လာပြီး အခန်း ပတ်ပတ်လည်
မျက်လုံးနှင့် အခြေအနေကို အကဲခတ်နေမိ
သည်ထိုစဉ် အခန်းထဲမှ ခပ်သင်းသင်း ရနံ့လေး တခုကို မထင်မှတ်ဘဲ ရှူရှိုက်မိသွားတဲ့ အချိန်မှာ
တော့ အလိုလိုပြုံးမိသွားသည်မသိချင်ယောင်ဆောင်ပြီး စာကြည့် စားပွဲပေါ်
ထိုင်ချလိုက်စဉ် အနောက်ကနေ မိမိမျက်လုံးတွေကို တစုံတယောက်မှ လက်ကလေးတစုံဖြင့် လာပိတ်ထားလေသည်
YOU ARE READING
👭Eternal Love👭 [စ/ဆုံး]
Romance(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...