ရုတ်တရက် ထရပ်လိုက်သည့် မိမိကို အခုမှ အတန်းထဲရောက်လာသည့် အေးမွန်ပင်
လန့်ဖြန့်သွားကာ"ချက်ချင်းလက်ငင်း ဘာထဖြစ်တာလဲ Nile ရယ် နင့်ဟာက ကင်းပဲ ထကိုက်သလို"
ပြောလည်းပြော မျက်စောင်းလည်းထိုးရင်း
ဝင်ထိုင်လိုက်သည်Moon မှ အေးမွန်မသိလိုက်သည့် ခုနကိစ္စ
အကြောင်း အေးမွန်ကို အစကနေ ပြန်ပြောပြနေ
သည်စပ်စပ်စုစုနိုင်သည့် အေးမွန်က အဲအကိုက
ဘယ်လိုအေးတာ ဘယ်လိုရိုးတာ ဘယ်လို
စာတော်တာ ဘယ်သူ့သားဆိုတာကအစ
နှစ်ယောက်သား တိုးတိုး တိုးတိုးနဲ့ ပြောနေကြသည်ကို မိမိမှာမကြားနိုင်တော့(ရုတ်တရက် ကိုယ့်ခန္ဓာကိုယ်တခုလုံး အငွေ့ပျံသွားရင် သိပ်ကောင်းမှာပဲ Moon
ဘယ်လိုမျက်နှာနဲ့ Moon ကိုမျက်နှာချင်းဆိုင်
ရမလဲ ကိုယ့်အချစ်တွေကို Moon မသိအောင်အချိန်အကြာကြီးလျှို့ဝှက်ထားနိုင်ခဲ့တယ်ဒီတခါတော့ ဟန်ဆောင်မဆောင်နိုင်လောက်
အောင် ကိုယ်shock ရသွားတယ် Moonရယ်Moon သိလား ကိုယ်တို့နှစ်ယောက်ကြားမှာ တတိယလူရှိလာနိုင်တယ်လို့ မိုက်မဲစွာနဲ့ မတွေး ထားလိုက်မိဘူး
ကိုယ်ဘာလုပ်ရမလဲ...ဟင်)
"ဟဲ့ Nile နင်ငါတို့ပြောနေတာ မကြားဘူးလား
ငါတို့ သူငယ်ချင်း လူကောင်းလေးနဲ့ ရည်းစား
ဖြစ်တော့မှာ နင်မပျော်ဘူးလား""ဘာ???"
"ဖြေးဖြေး အော်ပါ Nile ရယ် ငါ့နားတွေ ကွဲ
ထွက်ကုန်ပါ့မယ်""အေးမွန် sorry ဟာ ငါနဲနဲ အံ့သြသွားလို့ပါ Moon ပြောတော့ သူစိတ်ဝင်စားနေတာဆို
နင်ပြောတဲ့ ရည်းစားဖြစ်တော့မယ်ဆိုတာက..."
လေသံကို အတက်နိုင်ဆုံးထိန်း မေးလိုက်သည်
မေးသာမေးနေရသည် ခြေထောက်တွေပင်
မခိုင်ချင်တာ့ တုန်လှုပ်ခြောက်ခြားခြင်းကလည်းအပြည့်"အေးလေ နင်မှ ခုနငါပြောနေတာ သေချာနားမထောင်နေတာ
ခုသေချာနားထောင် ဟုတ်ပြီလား
VOCÊ ESTÁ LENDO
👭Eternal Love👭 [စ/ဆုံး]
Romance(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...