CHAPTER 11 (unicode)

2.5K 163 4
                                    

ဒေါက် ဒေါက် ဒေါက်

"ကျွီ"

တခါးဖွင့်သံကြားပြီးပြီးချင်း မြင်လိုက်ရတဲ့ မြင်ကွင်းလေး

တဘတ်အဖြူလေး တစ်ထည် သာပတ်ထား
သည့် Moon

မျက်နှာမှာ ရေစက်လေးတွေက လတ်လတ်
ဆတ်ဆတ်

ရုတ်တရက်သူ့မျက်နှာပေါ်က ရေစက်လေး
တောင် မနာလိုဖြစ်မိသွားသည်

မျက်နှာအောက်ပိုင်းကိုဆက်ကြည့်မိတော့ ဝင်းဝါနေသည့် လည်တိုင်နှင့်ရင်ဘတ်မို့မို့လေး

"အဟမ်း ငါလာမယ်ပြောထားတာကို"

မျက်နှာကို ချက်ချင်းလွှဲ တံတွေးတွေ မျိုချရင်း
ပြောလိုက်သည်

ဆက်ကြည့်နေလျှင် အသက်ရှူတွေကြပ်လာပြီး တခုခုအမှားအယွင်း လုပ်မိသွားနိင်သည်

"အင်းလေ အဲဒါမို့ရေချိုးနေတာပေါ့"

"အာ နင်ကလည်း အဝတ်စားမြန်မြန်ဝတ်လေ အအေးပတ်လိမ့်မယ်"

အမှန်တော့ တဘတ်ပတ်ထားသည့် Moon ကို ကြည့်ပြီး ဆက်စကားပြောဖို့ အဆင်မပြေတော့ ၍ ပြောလိုက်ခြင်းသာ

"နင်ဘာဖြစ်နေတာလဲ မျက်နှာတွေလည်းနီနေတာပဲ နေမကောင်းဘူးလား"

ပြောလည်းပြော ရုတ်တရက် ရှေ့တိုးလာပြီး ကိုယ့်နဖူးစမ်းကြည့်လိုက်သေးသည်

မျက်နှာချင်းဆိုင်ရပ်နေ၍ မျက်နှာလွှဲထားဖို့ကလည်း မဖြစ်နိုင်တော့ပါ

"အဟမ်း ဟိုဟို ငါကနေကောင်းပါတယ်

ဒါပေမယ့် မြန်မြန် မလုပ်ရင် နေမကောင်းဖြစ်
မယ့်သူက နင်ဖြစ်သွားလိမ့်မယ် Moon"

(ဘုရားဘုရား တပည့်တော် ဗုဒ္ဓဘာသာပဲ
ကိုးကွယ်တာပါ

ဒါပေမယ့် ဒီအခြေနေက လွတ်မြောက်အောင် ကမာ္ဘပေါ်ကရှိရှိသမျှဘုရားများ အားတဲ့ ဘုရားဆင်းကယ်ပါ )

အာခေါင်တွေခြောက် မျက်လုံးတွေပြာ ရင်ခုန်သံတွေဆို တဒုံးဒုံး ကျယ်လွန်းလို့ Moon
မကြားပါစေနဲ့လို့တောင် ဆုတောင်းနေရသည့်အဖြစ်

"နင် ဘာဖြစ်နေတာလဲ ရှက်နေတာလား မိန်းကလေးအချင်းချင်းပဲဟာ"

👭Eternal Love👭 [စ/ဆုံး]Where stories live. Discover now