ဒေါက် ဒေါက် ဒေါက်"အသေးလေးလား???"
"အဟမ်း ဒီအိမ်မှာ စိတ်ကောက်တတ်တဲ့ ကောင်မလေးတယောက်ရှိတယ်ကြားလို့ ကျွန်တော်မျိုးကြီး လာချော့တာပါ"
ကျွီ
တံခါး ကြားမှ ပေါ်လာသည့် မတွေ့ရတာ
ကြာပြီဖြစ်သည့် မျက်နှာလေးကို တမေ့
တမော ငေးနေမိသည်"နင်က ဘယ်လိုလုပ် ငါ့အိမ်ရောက်လာ
တာလဲ အသေးလေးရော"ကိုယ်ပြုံးလိုက်မိပါသည် အပြောကသာ
လုံးဝ မလျော့တာ စိတ်ထဲက ကျေနပ်
နေတာ အသိသာကြီး"ငါဘယ်သိမလဲ မီးဖိုချောင်ထဲနေမှာပေါ့ ဒါနဲ့ J' Donut က နင်ကြိုက်တဲ့ မုန့်ဝယ်လာတယ် လာ အောက်မှာသွားစားရအောင်"
"ခုမှ လာဖားမနေပါနဲ့ အိမ်ထိလာချော့လို့
နည်းနည်း အလျော့ပေးလိုက်တာ လုံးဝ
စိတ်ဆိုးပြေသေးတာမဟုတ်ဘူး ဒါပဲ""အဟမ်း ဒီလိုလုပ်ကွာ ဒီနေ့တလုံး Moon အနားက တဖဝားမှ မခွာပဲ ညမှ ပြန်မယ်ဟုတ်ပြီလား"
ပြောရင်းနဲ့ Moon ခေါင်းလေးကို ချစ်စနိုးလေးဖွပစ်လိုက်တော့ မျက်စောင်းလေးထိုးပြီး
အောက်ဆင်းသွားလေရဲ့"Nile ရေ Nile"
"ဟမ် ဘာလဲ"
"အသေးလေးပြောတာ ဒီ J' Donut 3ဘူးလုံး နင်ဝယ်လာတာဆို "
"အင်းလေ ဘာလို့တုန်း"
"ဘာလို့ 3ဘူးလုံးဒါတွေပဲဝယ်လာတာလဲ"
"နင်ပဲ အဲမုန့်တွေထဲမှာ cream ပါတဲ့ ရှည်ရှည် မုန့်အကြိုက်ဆုံးဆို အဲဒါပဲ စားတာဆို"
Moon ကိုယ့်နားကပ်လာပြီး တိုးတိုး တိုးတိုးနှင့်
"ဟဲ့ ငါကြိုက်တာနဲ့ တဆိုင်လုံးက အဲတမျိုးထဲ သိမ်းကြုံးဝယ်လာစရာလား
ပြီးတော့ ဒီဘူးတွေ အကုန် ငါစားရမှာလား daddy တို့က ဘယ်လိုထင်မလဲ ငါကြိုက်တာပဲ ဒီလောက်တွေ လုပ်လာတာ တမျိုးထင်ကုန်မယ်"
"ဟုတ်လား ဘယ်လိုလုပ်ကြမလဲ"
ကိုယ်လည်း Moon အနားကပ် အသံခပ်အုပ်အုပ်လေးနဲ့ ကြောက်နေသည့် စတိုင်ဖမ်း၍ပြန်
မေးတော့
YOU ARE READING
👭Eternal Love👭 [စ/ဆုံး]
Romance(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...