CHAPTER 31 (unicode)

2K 142 0
                                    

ဘကြီးဖြိုးရေ ဘကြီးဖြိုး"

"လာပြီ သမီး လာပြီ"

"ဒီ basement ထဲက သမီးပြိုင်ဘီးလေးရော
မြို့ထဲသွားမလို့"

"စက်ဘီးက ကားဂိုဒေါင်ထဲမှာ သမီး

သမီးလာမယ်ဆိုလို့ လိုအပ်တာတွေ ပြန်ပြင်ပေးထားတာ

မြို့ထဲသွားတာ ကားနဲ့သွားပါလား

သမီးမမောင်းချင်ရင် ဘကြီးဖြိုးလိုက်ပို့ပေး
မယ်လေ"

"ဘကြီးဖြိုးလိုက်ပို့ပေးချင် golf သွားရိုက်တဲ့နေ့မှ လိုက်ပို့ပေးတော့"

"သမီးလည်းနော် ကလော ရောက်ရင် ဘာမဟုတ်တဲ့ ဒီဂေါက်ကွင်းလေးမှာ အမြဲသွားရိုက်နေတော့တာပဲ

ရန်ကုန်က ကွင်းတွေနဲ့များ ဆီနဲ့ရေ ဟာကို"

"သမီး ၁၀ တန်းဖြေဖြေပြီးချင်း ဂောက်ရိုက်စ,သင်ခဲ့တာ ဘယ်ကွင်း ထင်လို့လဲ ဘကြီးဖြိုး"

"ဒီ ကလောကွင်းလား"

"ဟုတ်တာပေါ့ ဒါကြောင့် သံယောဇဉ် မပြတ်တာပေါ့ ဘကြီးဖြိုးရဲ့

ကဲပါ သမီးမြို့ထဲသွားလိုက်ဦးမယ်

ဒီ basement ကို ပြန်ပြင်မလို့ ဒီထဲက ပစ္စည်း
တွေအကုန် ဂိုဒေါင်ထဲ ရွေ့ပေးထားပါ
ဘကြီးဖြိုး"

"အေးအေး သမီး"

နောက်နေ့တွေကစပြီး ကိုယ်ကိုတိုင်မြေအောက်
ခန်းတခုလုံးကို စိတ်တိုင်းကျ ပြုပြင် မွန်းမံပါ
တော့သည်

အခန်းတခုလုံး အဖြူရောင်သုတ်

ထိန်းထိန်းလင်းနေအောင် လိုအပ်သည့် နေရာတိုင်း မီးချောင်းတွေ ဆင်

မြေအောက်ခန်းဆင်းသည့် လှေကားကိုလည်း သေချာခိုင်ခိုင်ခံ့ခံ့ ပြန်ပြင် အဖြူရောင်သုတ်

smart lock ကို မုန်း,ဆီလှမ်းမှာပြီး ကိုယ်တိုင်တပ်

အခန်းတခုလုံး ဘကြီးဖြိုးတို့ အကူအညီနဲ့
ပြင်လိုက်တာ တပတ်လောက်အတွင်း သေသပ်လှပသည့် ချစ်စရာ အခန်းလေးဖြစ်လာသည်

ဒီအခန်းနဲ့ ပတ်သတ်ပြီး ဘယ်အချိန်ကတည်းက ဘကြီးဖြိုးတို့ သိချင်နေလည်းမသိပါ ဒီနေ့တော့ တည့်တည့်သာ မေးလာပါသည်

👭Eternal Love👭 [စ/ဆုံး]Donde viven las historias. Descúbrelo ahora