Moon တို့ excursion မှပြန်ရောက်လာ၍
စားနေကြ ဆီချက်ဆိုင်လေးတွင်ဆုံဖြစ်ကြသည်မိမိအတွက် သူတို့ဝယ်လာသမျှ အမှတ်တရ
လက်ဆောင်လေးများ ထုတ်ပေးရင်း"ဒါ နင့်အတွက် ငါတို့ လက်ဆောင် နင်မပါဘဲ သွားရပေမယ့် နင့်ကိုငါတို့ ဘယ်လောက်
အမှတ်တရရှိလည်းဆိုတာ သက်သေနော်""အင်းပါ ငါ နင်တို့ပေးတဲ့ လက်ဆောင်တွေ
မသုံးဘဲ အမှတ်တရအဖြစ် အမြဲသိမ်းထား
မှာပါ"သူတို့လက်ဆောင်တွေ ကိုင်ကြည့်ရင်း
မိတ္ထီလာ ပြောင်းတော့မည့် ကိစ္စ ဘယ်ကနေ
ဘယ်လို စပြောရမလဲ စဉ်းစားနေမိသည်"ဒါနဲ့ Nile နင့်မျက်နှာမကောင်းပါလား ဘာလို့လဲ"
ကိုယ့်မျက်နှာ အပြောင်းအလဲကို အမြဲသတိထား ရိပ်မိတတ်သည့် Moon
"အင်း...ငါ...နင်တို့ကို ပြောစရာရှိတယ်"
ဘာလဲဆိုတဲ့သဘောဖြင့် အေးမွန်နဲ့ Moon
တစ်ယောက် မျက်နှာ တယောက်ကြည့်ပြီး
ကိုယ့်ပြောမည့် အကြောင်းကို နားစွန့်နေကြ
သည်"အေးမွန်, Moon
ငါ့အဖေ promotion နဲ့ မိတ္ထီလာကို ၃ရက်
အတွင်း ပြောင်းရတော့မယ် တကယ်တော့
ဒီပြောင်းဖို့ ကိစ္စကို စာမေးပွဲ မဖြေခင်ကတည်းက ငါသိထားပြီးသားနင်တို့ စိတ်အနှောက်ယှက်ဖြစ်မှာစိုးလို့ တမင်မပြောခဲ့တာ တောင်းပန်ပါတယ်"
ကိုယ်ပြောချင်ရာတွေ ဆက်တိုက်ပြောပြီး သူတို့မျက်နှာတွေမော့ကြည့်လိုက်တော့
၂ယောက်လုံး စိတ်နဲ့ကိုယ်နဲ့ မကပ်သလို
ကြောင်တောင်တောင်လေး ကိုယ့်ကိုကြည့်
နေကြသည်" ငါ တကယ်တောင်းပန်ပါတယ် ငါလည်း
ကျောင်းပြီးတဲ့ထိ နင်တို့နဲ့အတူတူတက်ဖို့
မျှော်လင့်ခဲ့တာပါဟို.. နင်တို့တခုခုပြောဦးလေ"
အဲတော့မှ အသိဝင်လာသည့် Moon က
"နင့်အဖေပဲပြောင်းလို့မရဘူးလား
နင်ငါတို့နဲ့ နေခဲ့လို့ မရဘူးလား Nile "
BẠN ĐANG ĐỌC
👭Eternal Love👭 [စ/ဆုံး]
Lãng mạn(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...