"အမ ရေသောက်လိုက်ပါဦး"
waiter လေး လက်ထဲထည့်ပေးသည့် ဖန်ခွက်ကိုတောင် မနဲ,ကိုင်ထားရသည်
တဆတ်ဆတ်တုန်နေသည့် လက်တွေက
နာကျင်ခြင်း နာကြည်းခြင်းတို့ရဲ့ ပြယုဂ်သဖွယ်(ရက်စက်လိုက်တာ Moon ရယ်
ကိုယ့်မွေးနေ့မှာ Moonနဲ့ နှစ်ယောက်ထဲ
ပဲရှိချင်မယ်လို့ Moon တကယ်မတွေးမိ
တာလားဒါမှမဟုတ် တမင်သတ်သတ် ကိုယ့်ကို လာရွဲ့
နေတာလား Moon)"အမ အဆင်ပြေလား ဒီမှာ ခဏထိုင် နေလိုက်ဦးနော် အမ ကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့"
"ရတယ် ချာတိတ် ကိုယ်အဆင်ပြေပါတယ်
မင်းလုပ်စရာရှိတာ သွားလုပ်ပါ ကျေးဇူးနော်"Moon တို့စားပွဲလှမ်းကြည့်တော့ နှစ်ယောက်သား စကားတွေပြောပြီးပြုံးလို့
(နင် ဒီလိုလုပ်ရလို့ ပျော်တယ်ဆို လုပ်လိုက်ပါ ငါကျေနပ်ပါတယ်
ငါဆိုတာ နင့်ပျော်ရွှင်အောင် လုပ်ပေးဖို့
မွေးဖွားလာတဲ့ သူတယောက် သက်သက်ပါငါ့ခံစားချက်တွေကို နင်ထည့်တွက်စရာ မလိုပါဘူး)
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း အံကြိတ်ထားသော်လည်း မျက်ဝန်းထဲမှာတော့ သူတို့ နှစ်ယောက်ပုံက ဝေဝါးလာသည်
"shit အရေးထဲဆို ဒီမျက်ရည်တွေက ကျလာ
ပြန်ပြီ"မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ် အပြုံးတုတို့ ဆင်မြန်းပြီး ခြေလှမ်းတို့က Moon တို့ရှိရာဆီသို့
"ကားကျပ်လို့ နောက်ကျသွားတာ ငါတို့ဆိုလို့ ဘယ်သူများလဲလို့ တေဇပါလား
နင်တော်တော် အားနေတယ်ပေါ့ ဒီနေ့ ဆေးခန်း မထိုင်ရဘူးလား"
စိတ်ပေါက်ပေါက်ဖြင့် ယဉ်ကျေးမှုဆိုတာတောင် ခေါင်းထဲမထည့်ထား နိုင်တော့
တေဇကတော့ တကယ်မသိတာလား သိရဲ့သားနဲ့ မဖိတ်ဘဲ ရောက်လာမိလို့ အားနာနေလို့လားတော့ မသိ ကောင်း ကောင်းပြန်ဖြေရှာ
သည်"ဒီနေ့အားလို့ဟ"
"သြော်" ဆိုတဲ့လေသံမှာကိုက မလိုလားသည့် အသွင်ပေါက်သွားသည်
VOCÊ ESTÁ LENDO
👭Eternal Love👭 [စ/ဆုံး]
Romance(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...