CHAPTER 5 (unicode)

2.5K 182 0
                                    

"အဟမ်း Moon ကလည်း နေမကောင်းတော့ အိမ်ကို သတိရတာပေါ့

အိမ်ကိုသတိရတော့ ဝမ်းနည်းတာပေါ့" လို့
ခပ်ပေါ့ပေါ့လေးပဲ ပြန်ဖြေလိုက်သည်

(Moon သိလား

ကိုယ့်အတွက် မဟုတ်တဲ့ Moon ရဲ့အချစ်တွေ
ကြောင့် ကိုယ့်အချစ်တွေကို Moon သိစရာမလိုတော့ဘူး

Moon ကို တစ်သက်တာ တိတ်တခိုးလေး
ချစ်နေခွင့်ပဲပေးပါ )

"ကဲ စာလည်းကူးပြီးပြီဆိုတော့ ငါလည်း
ပြန်တော့မယ် မနက်ဖန်ကျောင်းတက်တော့နော် စာမေးပွဲလည်းနီးနေပြီ"

"ငါ အောက်လိုက်ပို့ပေးမယ်လေ"

"ရတယ် ငါ့ဘာသာပဲဆင်းသွားတော့မယ်
အစာသေသေချာချာစားပြီးမှ ဆေးသောက်နော် Nile"

ထွက်သွားသည့် Moon နောက်ကျောကို
ကြည့်ပြီး သက်ပြင်း အရှည်ကြီး ချလိုက်မိသည်

(Moon ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်

Moon ဘေးမှာရှိနေပေးမှာပါ

Moon ပျော်မယ်ဆိုရင်ပေါ့ )

နောက်တစ်နေ့ကျောင်းတက်တော့ အေးမွန်က

" Moon ကိုစည်သာကို ငါတို့ပြလေ ငါတို့က
မြင်မှမမြင်ဖူးသေးတာကို ဟုတ်တယ်နော် Nile"

"အင်း ပြမယ်လေ ညနေပြန်ခါနီး ဆိုင်ကယ် stand မှာသူတို့အဖွဲ့ ရှိတတ်တယ်"

ညနေရောက်တော့ အေးမွန်ရော ကိုယ်ရော Moon ချစ်တဲ့သူက ဘယ်လိုပုံစံမျိုးလည်းဆိုတာကိုတွေးရင်း စိတ်လှုပ်ရှားနေမိသည်

"ဟိုမှာတွေ့လား မျက်မှန်နဲ့ ဆိုင်ကယ်ပေါ်ခွ
ထိုင်နေတာလေ တွေ့လား"

"အေး ချောသားပဲ အရပ်သိပ်မရှည်တာပဲရှိ
တယ်"

"ဟုတ်တယ် ယောက်ျားလေး ပု,ရင်မမိုက်ပါဘူး"

ကိုယ်လည်း အားရပါးရထောက်ခံလိုက်ပါသည်

(ဘာပဲပြောပြော ကိုယ် Jဝင်မိနေတာ မလွန်ပါဘူးနော်)

"ဟာ နင်တို့ကလည်း အဲတစ်ယောက်မဟုတ်ဘူး သူ့ဘေးက အရပ်ရှည်ရှည်နဲ့ ရိုးရိုးသားသား
ဖိုးသခွားလေးကိုပြောတာဟ"

👭Eternal Love👭 [စ/ဆုံး]Wo Geschichten leben. Entdecke jetzt