CHAPTER 29 (unicode)

2.1K 130 0
                                    

Day 1

"Nile ဘာလို့ ဖုန်းမကိုင်တာလဲ ငါခေါ်နေတာ ဘယ်နှခါတောင်ရှိနေပြီလဲ"

"ငါ မအားလို့ပါ"

"နင်ဘယ်တုန်းက ငါ့ဖုန်းမကိုင်ဘဲ
နေဖူးလို့လဲ စိတ်ဆိုးတယ် ဒါပဲ"

(နင့်ဖုန်းကို မကိုင်ဘဲ နေနိုင်ဖို့ ငါဘယ်လောက်ထိ အောင့်အီး သည်းခံထားရလဲ နင်သိရဲ့လား Moon

နင်တို့နှစ်ယောက်နီးစပ်ဖို့ ငါနောက်
ဆုတ်ပေးမှ ရမှာမို့ ရင်နာနာနဲ့ ခုလိုလုပ်ရတာပါ

ငါ့ဆီက မရတော့တဲ့ ဂရုစိုက်မှုတွေ
တေဇဆီက နင်ရမှာပါ သူလည်း နင့်ကို
ငါ့လောက်နီးနီး ချစ်ပေးနိုင်မယ့်သူမျိုးပါ

ငါတောင်းပန်ပါတယ်
အရာအားလုံးက နင့်အတွက်ပါ Moon

ငါအသဲတွေ စုတ်ပြတ်သတ်ထွက် သွားဦး
ငါဒီလမ်းကိုဆက်လျောက်ရလိမ့်
မယ် Moon ရယ်)

Day 2

တနေကုန် အလုပ်ပြီး အလုပ်လုပ်နေလို့ မုန်းကတောင်

"MD ဒီရက်ပိုင်း ရုံးဆင်းတာ အရမ်းနောက်ကျတယ်နော်"

"အင်း ဒီproject အဆင်ပြေပြေပြီးသွားဖို့လိုလို့
ပြန် check နေတာ"

"ကိုယ်တိုင်လိုက်လုပ်နေစရာမလိုတဲ့ နေရာတွေလည်း MD ကိုယ်တိုင်လိုက်လုပ်နေသလိုပဲ"

ဘာလဲကွာ

လက်ထဲက file တွေကို စားပွဲပေါ် ပစ်ချလိုက်ပြီး

"မင်း ဘာပြောချင်တာလဲ မုန်း"
လေသံမာမာနဲ့ မေးလိုက်မိသည်

"ဟို ဟို အလုပ်တွေ ဆက်တိုက်လုပ်ပြီး
သူ့ကို မေ့ဖို့ကြိုးစားနေတာလား MD"

"အေး ဟုတ်တယ် ကိုယ်သူ့ကိုမေ့ဖို့ထက် သူကိုယ့်ကိုမေ့အောင်ကြိုးစားနေတာ"

"မုန်း နားလည်ပါတယ် တခုခုဆို စိတ်ထဲပေါ့သွားအောင် မုန်းကို ရင်ဖွင့်လို့ရပါတယ်"

"ကျေးဇူး"

"အခုရော မုန်း ဘာကူညီပေးရမလဲ"

"ကိုယ်အရမ်းပင်ပန်းနေလို့ တယောက်ထဲနေချင်တယ်"

"ဟုတ်ကဲ့ MD ဒါဆို ခွင့်ပြုပါဦး"

👭Eternal Love👭 [စ/ဆုံး]Onde histórias criam vida. Descubra agora