CHAPTER 14

1.7K 86 2
                                    

ဖုန်းပြောရင်း ကြည်နူးနေမိသည်မှာ mommy mother ဝင်လာသည်တောင် မသိလိုက်သည့်အဖြစ်ပါ

"Nile ဖုန်းကိုင်ပြီး ပြုံးစိစိနဲ့ ဘာတွေ အဲလောက်သဘောကျနေတာလဲ"

"အဟဲ မဟုတ်ပါဘူး မေကြီးရာ ဒီလိုပါပဲ
မေကြီးဘာပြောစရာရှိလို့လဲ"

"သမီး ဘွားဘွားတို့ဆီ ၁ပတ်လောက်သွား
ရလိမ့်မယ်

ဟိုမှာ labour ပြဿနာ တော်တော်တက်နေတယ်

သွားရှင်းလိုက်ဦး အသေးစိတ်သိချင် ဦးမောင်ကို လှမ်းမေးထားလိုက်"

"ဟုတ် မေ"

"အေးအေး စောစောအိပ်တော့"

mommy mother ထွက်သွားတော့မှ Moonဆီ အသည်းအသန်ဖုန်းခေါ်ရ
တော့သည်

ပထမအကြိမ် မကိုင်

ဒုတိယအကြိမ်လည်း မကိုင်

တတိယအကြိမ် ခေါ်မှ

"ဘာတုန်း"

ဘုဆပ်ဆပ်ထူးတာ ကြည့်ခြင်း အားဖြင့်ရွှေစိတ်
တော်ကောက်နေပါပြီ

"ဖုန်းခေါ်နေတာ ကြာလှပြီ ဘာလို့မထူးတာလဲ

ပြီးတော့ ထူးပုံကလည်း အရမ်းနူးညံ့လွန်းလို့
ရင်တောင်ခုန်သွားတယ်"

"လာနောက်မနေ နဲ့ ကြည်တာမဟုတ်ဘူးနော် သတိထားနေ"

"ဟော စိတ်ကလည်း လက်တဆစ်ပါလား အမိရယ်"

"ကဲပါ ထားလိုက်တော့ ပြောစရာရှိလို့ဖုန်းဆက်တာ ခုနက"

"ပြောစေသတည်း ဗျားးး"

"ငါ bangkokကို simulator သွားရမယ် ၃ရက်ကြာမယ်

သဲကို တယောက်ထဲထားခဲ့ရမှာ လွမ်းနေရတော့မှာပဲ"

(သဲ ??? ကိုယ့်ကိုခေါ်တာလား)

မျက်နှာပိုးသက်လို့မရတော့ပါ

ကြည်နူးမှု အဟုန်ကြောင့်လက်တွေပါ အေးစက် လာသည်

(သဲ တဲ့လား ကောင်မလေးရာ)

"ဟီးဟီး ပျော်လိုက်တာ"

👭Eternal Love👭 [စ/ဆုံး]Donde viven las historias. Descúbrelo ahora