CHAPTER 22 (unicode)

2.3K 137 0
                                    

"ဖြေးဖြေးပြောပါ Nile ရယ် မသေနိုင်ပါဘူး"

"ဘာလို့မသေ ရမှာလဲ ကမ္ဘာမှာ ၁၈၀၀၀
လောက် သေနေတာကို"

"မသိပါဘူး ငါလည်း bangkok မှာ shopping ထွက်ခဲ့တာလေး တခုပဲရှိတာကို"

"ကဲ ခုဘယ်လိုဆက်လုပ်မှာတဲ့လဲ"

"ဆေးရုံမှာ ၁၀ရက်နေရမယ် ထမင်းဟင်းက
တခါသုံးတွေနဲ့ပို့ရမှာ တာမွေက အမျိုးတွေလာ
ပေးမယ်ပြောတယ်

တယောက်ထဲ နေရမှာ ဘယ်သူမှလည်း လာ
တွေ့လို့မရဘူးတဲ့ Nile"

"နင် ပျင်းနေတော့မှာပဲ "

"နင်ရှိတာပဲ ငါ့ကိုဖုန်းဆက်အဖော်လုပ်ပေးပေါ့"

"အင်း နင်ကတော့လေ တော်တော်လေး အေး
ဆေးတွေးနိုင်တာပဲ မတော်လို့တခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

"ပြန်ကောင်းကြတာ များပါတယ် ပြီးတော့ ငါနဲ့
ဘေးခုံမှာ ထိုင်ခဲ့တဲ့သူတွေကို ဆက်သွယ်ပြီး
စောင့်ကြည့် မယ်ပြောတယ်"

"နင်ဆိုတာကလည်း ဖြစ်လိုက်ရင် အဆန်း
ကြည် ပဲ တန်ိုင်ငံလုံး H1N1ဖြစ်တယ် မကြား
သေးဘူး သူပဲအရင်ဖြစ် သွားချင်ဦး shopping"

စိတ်ပူတာနဲ့ ရောပြီး သူမကို အပြစ်တင်မိပေ
မယ့်

"ဟီးဟီး ငါကောင်းသွားအောင်ဆုတောင်းပေးထားဦး"

စိတ်မဆိုးဘဲ ပျော်ပျော်နေတတ်သည့် ကောင်မလေးပါ

"အင်း ကောင်းသွားမှာပါ ဆေးရုံက ညွှန်ကြားတဲ့ အတိုင်းနေနော်

တခုခုဆို ငါ့ကိုဖုန်းဆက် နင်ပျင်းနေမှာစိုးလို့ ငါလည်း မနက်တခါ ညတခါ ဖုန်းဆက်မယ် ဟုတ်
ပြီလား"

"အင်း ဆုတောင်းပေးထားနော်"

ဖုန်းချပြီးသည်နှင့် တရောသုံးပါး အောက်ထပ်ဆင်း daddy father ကိုရှာ

"ဖေကြီး ဖေကြီး H1N1 ကလေတော်တော်အ
သေအပျောက်များလား မြန်မာပြည်မှာ ဖြစ်ရင်
ရောနိုင်ပါ့မလား"

"မြန်မာပြည်မှာဖြစ်နေပြီလို့မကြားရသေးပါလား"

"Moon bangkok training သွားတာ ပါလာလို့"

👭Eternal Love👭 [စ/ဆုံး]Donde viven las historias. Descúbrelo ahora