CHAPTER 1

10.6K 193 4
                                    

ဆောင်းအငွေ့အသက်လေး စရသည့် December ရဲ့နံနက်ခင်းလေးတစ်ခုမှာ ကျောင်းသား ကျောင်းသူတွေဖြင့် စည်းကားနေသော ကျောင်းပရဝုဏ်ထဲ ကို လှမ်းမျှော်ကြည့်ရင်း

မုခ်ဦး‌ ပေါ်မှာ ခန့်ညားထည်ဝါစွာ ရေးထိုးထားသည့် စာလုံးတွေကို တိုးတိုးလေး သဘောတကျဖတ်ကြည့်လိုက်သည်

"ပုသိမ်ကွန်ပျူတာ တက္ကသိုလ်"

ဒီနေ့ဟာဖြင့် ပထမနှစ် ကျောင်းသားကျောင်းသူတွေ အတွက် ရင်ခုန်ရဆုံးနေ့လေးတစ်နေ့ပေါ့

အရာရာတိုင်းမှာ ကြောက်တတ်သည့် မိမိကို
မေမေက မူကြိုတတ်ခါစကလေးတစ်ယောက်
သဖွယ် ကျောင်းခန်းထဲထိလိုက်ပို့ပေးလေသည်

ဘယ်မှာထိုင်ရမှန်းမသိ ဇဝေဇဝါ ဖြစ်နေစဉ် state ကျောင်းတွင် မျက်မှန်းတန်းမိယုံသာ
သိခဲ့သည့် သူငယ်ချင်း ၂ယောက်က သူတို့နဲ့အတူထိုင်ရန် လှမ်းခေါ်သည်

[နင်သိရဲ့လား
အဲဒီ့ ခဏတာ အချိန်တိုလေးဟာ ငါ့ဘဝရဲ့
တန်ဖိုးမဖြတ်နိုင်တဲ့ လမင်းလေးနဲ့ပြန်ဆုံ
ဆည်းခွင့်ရခဲ့တယ်ဆိုတာ???]

ဥဒဟို သွားလာနေသည့် ကျောင်းသူကျောင်းသားတွေကြည့်ရင် ခေါင်းပင်မူးလာတော့သည်

"computer ကို အဲလောက်တောင်ကြိုက်ကြတာလား များလိုက်တဲ့ ကျောင်းသားတွေ"စိတ်ထဲကနေ တစ်ယောက်ထဲ တီးတိုးရေရွတ်မိသည်အထိ

ဒီနှစ်ရဲ့ ကျောင်းသူကျောင်းသားအရေအတွက်ဘယ်လောက်ထိများလဲဆို first year ကိုA နဲ့ B ဆိုပြီး ၂ခန်းခွဲတောင်ထားရလေသည်

၂ခန်းလုံးကလည်း မျက်နှာချင်းဆိုင်

ခုနလေးကမှ မိမိရဲ့ထုံးစံအတိုင်း ကြောင်တောင် တောင်ဖြင့် B ခန်းထဲ မှားဝင်ခဲ့ သေးသည်

တခြားအခန်းတွေတော့ မသိ first year (A) ခန်းထဲတွင်တော့ လက်ပံပင် ဇရက်ကျသကဲ့သို့ ဆူညံနေ၏

အစကတည်းက တစ်ကျောင်းထဲတက်ရမည်ဟုသိသည့် သူအချို့က ကိုယ့်အုပ်စုနဲ့ကိုယ် ဝိုင်းဖွဲ့ စကားပြောကြ

ခုမှ ကျောင်းတူမှန်းသိပြီး တစ်ယောက်နဲ့
တစ်ယောက် နှုတ်ဆက်သည့် သူက နှုတ်ဆက်
ကြ နှင့် first year Aခန်းလေးဟာကောင်းကင်
ပြာပြာ အောက်တွင် အသက်ဝင်လှုပ်ရှားနေ၏

👭Eternal Love👭 [စ/ဆုံး]Donde viven las historias. Descúbrelo ahora