CHAPTER 9

1.7K 87 0
                                    

ဘုရားဘုရား ဒီအခြေအနေကိုဘယ်လို ရင်ဆိုင်ရပါ့မလဲ

ရုတ်တရက် လက်ဖျား ခြေဖျားတွေပါ အေးစက်လာသည်

Moon ကိုခိုးကြည့်လိုက်တော့လည်း မျက်နှာ
တွေနီနေပြီး သူ့နှုတ်ခမ်းလေးကို သုတ်နေဆဲ

ကိုယ့်ကိုတချက်လှည့်ကြည့်ပြီး မျက်စောင်း
လေးထိုးသွားသေးသည်

တကယ်လို့များ စိတ်ဆိုးသွားပြီး အဆက်သွယ်
ဖြတ်သွားရင် မိမိသေသွားနိုင်သည်

အမြန်စဉ်းစားစမ်း

"ဆော ဆောရီး Moon ရာ ဟို ငါ ငါလေ ပါး
လေးကိုပဲ နမ်းဖို့ ရည်ရွယ်လိုက်တာပါ"

မတတ်နိုင်ပါ အရှက်ကွဲတော့မှာ ကြိမ်းသေနေ၍ ညာပြောလိုက်ရသည်

(စိတ်မကောင်းပါဘူး Moon
နောက်ဆို Moon မကြိုက်တာ မလုပ်မိအောင် ဆင်ခြင်ပါ့မယ်)

"ရပါတယ် ငါလည်း ရုတ်တရက်ဆိုတော့ လန့်သွားလို့"

"ငါ တကယ် တောင်းပန်ပါတယ် Moon"

မျက်လွှာလေးချပြီး နောက်တကြိမ် ထပ်တောင်းပန်လိုက်တော့

"ထားလိုက်တော့ ဒါနဲ့နင် မြင်းခြံဘက် စက်ရုံမှာ သွားနေရမယ်ဆိုတာ ဘယ်တော့လဲ"

စကားလွှဲလိုက်တဲ့ Moon ကို ကြည့်ရင်း

(ကိုယ့်တို့ အခြေအနေက ဘယ်လိုခေါင်းစဉ်တပ်ရမလဲ

သူငယ်ချင်းထက်လည်းပိုချစ်ကြတယ် ချစ်သူ
တွေလည်း မဟုတ်ပြန်

ကိုယ်ဒီတိုင်းလေးပဲ ရပ်နေရမလား ရှေ့ဆက်တိုးရမလား ရင်မောလိုက်တာ Moonရယ်)

မိမိလည်း စိတ်တည်ငြိမ်အောင် အရင်ကြိုးစား
ပြီး

"မနက်ဖြန်ညနေမှသွားမှာ တလလောက်တော့
ကြာမယ်

ခဏခဏလည်း သွားရမှာ စက်တွေ ဒီတိုင်း
ပစ်ထားလို့မရဘူးလေ"

"အင်းပါ နင်ကတော့ တကယ့် bussiness woman ကြီးပဲနော်"

"ကြိုးစားနေပါတယ် ဒါနဲ့ နင် ဘာမှာဦးမလဲ

👭Eternal Love👭 [စ/ဆုံး]Opowieści tętniące życiem. Odkryj je teraz