ဖုန်းကိုင်ထားသည့် မိမိလက်တွေတောင်
တဆတ်ဆတ်တုန်နေသည်ဟုတ်တယ် Moon ဆီဖုန်းပြန်ခေါ်ရမယ်
"Moon Moon လား"
"Nile ငါအိပ်နေတုန်း ငါ့ခြေရင်းမှာ
တယောက်ယောက်ရပ်ကြည့်နေတယ်""နင် အခုဘယ်မှာလဲ"
"mandalay hotel မှာ"
"ဟာ"
mandalay မှာ ၃ နှစ်နီးပါး နေခဲ့သည့် မိမိ
အဲ hotel အကြောင်းကောင်းကောင်း သိပါ
သည်"ကုတင်ပေါ်ကဆင်းရဲလား Moon
တခြားသူတွေ အခန်းသိလား သူတို့နဲ့သွား
ပေါင်း အိပ်ပါလားငါ ဖုန်းတောက်လျောက်ပြောပေးနေမယ်
သူတို့ဆီရောက်တဲ့ အထိလေ""အခုက ၂နာရီကျော်ပဲရှိသေးတာ
သူတို့ဆီ သွားမနှောက်ယှက်ချင်ပါဘူးပြီးတော့ ငါ့ လေယာဉ်မယ်လေးတွေက ငါ့ကို
ရီမှာပေါ့ ရှက်စရာကြီး"အရေးထဲ သိက္ခာကျမှာကြောက်နေသည့် Moon
"ဒါဆို ဘုရားစာရွတ်ပေးမယ်လေ
နင် ဖုန်း speaker ဖွင့်ပြီး အိပ်နေလိုက်
နင်အိပ်ပျော်သွားမှ ငါအိပ်မယ်""အင်း....Nile, ဟို Nile ရေ bathroom
ထဲကပါ ရေသံတွေကြားနေရတယ် လုပ်ပါဦး""ဒီတိုင်းနေလို့ မဖြစ်တော့ဘူး နင် shock ဖြစ်သွားမယ်
hotel manager ကိုဖုန်းဆက်ပြီး အခန်းပြောင်းဖို့ပြောကြည့်ပါလား
ငါတောင် bangkok မှာအဲလိုဖြစ်ဖူးလို့
ညတွင်းချင်း အခန်းလဲခိုင်းခဲ့ ဖူးတယ်""ငါကုတင်ပေါ်က ခြေမချရဲဘူး"
ကြောက်စိတ်နဲ့ လွယ်တာကို ခက်အောင်လုပ်
နေပြန်ပြီ"အချိုလေးရယ် reception ကိုဖုန်းခေါ်ပြီးလာခိုင်းလိုက်လေ"
"အင်း ဟုတ်သားပဲနော် လုပ်ကြည့်လိုက်ဦး
မယ် နင်ဖုန်းမချလိုက်နဲ့နော်"
VOCÊ ESTÁ LENDO
👭Eternal Love👭 [စ/ဆုံး]
Romance(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...