"Moon ပြန်ရောက်ပြီလား"
"အင်း ခုနကပဲ landing လုပ်ပြီး အခုကားပေါ်မှာ ပင်ပန်းလိုက်တာ Nile ရယ် ဒီနေ့က long flight ဆိုတော့လေ
ဒါနဲ့မနက်ဖန် မန္တလေး night stop သွားရမယ်""လွမ်းရဦးမှာပေါ့"
"တညပဲဟာကို မနေ့ကကျသူပဲ စိတ်ဆိုးပြီး
ပြန်သွားပြီးတော့""မနေ့ကဆိုလို့ မနက်က message ကို ငါသဘောကျမယ်မှန်း Moon ကဘာလို့အဲလောက်အတိအကျသိနေရတာလဲ"
"ကိုယ်ချစ်ရတဲ့သူရဲ့ မျက်နှာပေါ်က အပြောင်းအလဲလေးတွေ မျက်ဝန်းလေးတွေက ဘာကို
ပြောချင်တာလဲ ဘာကို လိုလားတာလဲဆိုတာကို နှလုံးသားက အလိုလိုနားလည်နိုင်စွမ်းရှိတယ်လေ ဒေါ် Nile ရဲ့""ဟိဟိ အား မရတော့ဘူး သဘောတွေ
ကျလွန်းလို့ ကလီစာတွေတောင် ပြတ်ပျက်
ထွက်ကုန်တော့မယ်""အမယ် ခုမှ ဒါနဲ့ ငါ email အသစ်တခုဖွင့်ထားတယ် ငါတို့နှစ်ယောက်တူတူသုံးဖို့"
"နင်ရော ငါရော တယောက် mail တယောက်သိကြတာပဲ အဲကပို့ပေါ့ အသစ်လိုလို့လား"
"ဘယ်သူကပဲပို့ပို့ ခုအသစ်ကို ပို့ကြမယ်
အဲတော့မှ ငာတို့ပို့ထားတာတွေ တခုတက
ရှာနေစရာမလိုတော့ဘူးလေအချိန်မရွေးဝင်ဖတ်လို့ရတယ် တခြားသူတွေ
လည်း စာမပို့ကြတော့ ငါတို့စာတွေတစုတစီး
ထဲရှိနေတာပေါ့password လည်း၂ယောက်ကိုင်မယ်လေ
ဘယ်လိုလဲ"(အချင်းချင်း mail ပို့တာပဲ နောက်ထပ် mail တခုမှမလိုတဲ့ဟာကို)
စိတ်ထဲကသာ complaint တက်နေတာ အပြင်မှာတော့ မပြောရဲပါ ကောက်တော်မူသွားမည်ကို အခုတလောအသေစိုးရိမ်နေရပါသည်
"ပြောပါဦး mail address နဲ့ password"
"အင်း..."
သူပြောမှာ နားစွန့်နေပေမယ့် second 20
လောက်ထိ ငြိမ်ကျသွားသည်(ဒါလေးပြောဖို့ ဘာတွေ အားယူနေတာပါလိမ့်)
တဖက်မှ နားထောင်နေသူက စိတ်မရှည်ချင်တော့
"ဟာ ပြောလေ Moonရဲ့ ငါနားထောင်နေတယ်"
"mg.may02@gmail.comတဲ့"
ESTÁS LEYENDO
👭Eternal Love👭 [စ/ဆုံး]
Romance(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...