"---"
"ဟင် Moon ငါသဘောတူတဲ့သူပဲရွေးပေး လို့ရမလား"
"ဘာလို့လဲ"
"အင်း ဘာလို့လဲ?
ဘာလို့လဲဆိုတော့
နင့်အကြောင်းကို ငါကနင့်ထက်ပိုသိတယ်
နင့်အကြိုက်ကိုလည်း ငါပဲပိုသိတယ်
နင်ဆိုးနွဲ့တတ်တာတွေကို သည်းခံနိုင်တဲ့သူ ဖြစ်မှ ရမယ် Moon
တော်ရုံ နားလည်ခွင့်လွတ်ပေးတဲ့သူမျိုးဆို နင်နဲ့ အဆင်ပြေမှာမဟုတ်ဘူး
နင့်က နင့်ကိုချစ်မှန်းသိရင် ပိုဆိုးပြတတ်တယ် လေ"
"ဘာလဲ ငါက နင်သည်းမခံနိုင်လောက်အောင် ဆိုးတယ်လို့ သွယ်ဝိုက်ပြောနေတာလား"
"ဟားဟား Nile ပါဟ
နင် မိုင်ကုန်ဆိုးကြည့်လိုက်စမ်းပါ
ဘယ်တော့မှ အပြစ်မယူဘဲ ခွင့်လွှတ်ပေးနိုင်
တယ်ဘာလို့လဲသိလား အဲလူက Moon ဆိုတဲ့ နင်
ဖြစ်နေလို့ပဲ"ကိုယ့်အသံတွေ နာနာကျင်ကျင်နဲ့တုန်ရီ နေတာ သူမှ သတိထားမိပါရဲ့လား
"အင်း နင့်စိတ်ကြိုက်ရွေးပါ
ပြီးတော့ထပ် တောင်းပန်ပါတယ်
ရှေ့ဆက်ဖြစ်လာမယ့် ကိစ္စတွေ အတွက်"
(ဟူး ပင်ပန်းလိုက်တာ Moon ရယ်)
လပြည့်ကျော် ၁ရက်နေ့မို့ ထင်သည် လမင်းကြီးက ဝိုင်းစက်နေသည်
နီးနီးကပ်ကပ် အကြာကြီး ကြည့်ခွင့်ရလို့
လပြည့်နေ့ထက် ဒီလိုနေ့ကလေးကို
ပိုသဘောကျမိသည်ဝရံတာထွက် မတ်တပ်ရပ်ရင်းဆေးလိပ်ငွေ့ကို
မက်မောစွာ စုတ်ယူလိုက်ပြီး မဖတ်ဖြစ်ကြာပြီ
ဖြစ်သည့် Moon ပေးထားသည့် ချစ်သဝန်လွှာ
လေးတစောင်ထုတ်ဖတ်နေမိပြန်သည်💌💌💌
Nile
ငါဒီနေ့ နင့်အိမ်သွားတဲ့ ဆီချက်ဆိုင်မှာသွားစားသေးတယ်
ငါတယောက်ထဲလေ
အရင်သွားစားတဲ့ အခါတွေတုန်းက ငါ့ဘေးမှာ
နင်ရှိနေတယ်နော်
VOUS LISEZ
👭Eternal Love👭 [စ/ဆုံး]
Roman d'amour(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...