CHAPTER 38

1.6K 117 34
                                    

ဘာတွေ ဖြစ်ကုန်တာပါ လိမ့်

ဟူး ရင်မောတာ
ပြန်ရောက်မှပဲ Moon ကိုသေချာမေးကြည့်
တော့မယ်

တေဇနဲ့ ပြတ်သွားတယ်ဆိုပေမယ့် ဘာကြောင့်မှန်း မသိ စိတ်ထဲမှာ လေးနေမိသည်

နောက် မုန်း message ဖွင့်ဖတ်လိုက်တော့ မုန်း
messageက မိမိစိတ်ကို ပိုပင်ပန်းသွားစေသည်

"MD ပြန်ရောက်မဲ့ အချိန်မှန်းပြီး ဟဲဟိုး air tircket ဖြတ်ထားတယ် MD

မုန်းတို့ ကလောကို အရေးတကြီးသွားရလိမ့်
မယ်

ဟိုက supplier တွေပြဿနာရှာနေလို့"

flight ပေါ်မှာတင် မုန်း mail ပို့ပေးထားသည့် အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ပြန်ဖတ်
ပြင်ဆင်စရာရှိတာ ပြင်ဆင်နဲ့

ရန်ကုန်ကို landing လုပ်တော့မယ်ဆိုမှပဲ
ကိုယ့်ကိုကိုယ် ဘယ်ရောက်နေလဲ သတိထားမိတော့သည်

airport မှာကြိုရောက်နေသည့် မုန်းက

"MD final boarding announcement
လုပ်နေပြီ မုန်းတို့ တခါထဲတက်ရအောင်"

international ဘက်မှ domestic ဘက် ကူးလာရင်း

"မုန်း အရင်တက်နှင့် ကိုယ် ၅မိနစ်လောက်
ဖုန်းပြောလိုက်ဦးမယ်"

Moon ဆီ အပြေးအလွှား ဖုန်းဆက်မိသည်

သူ ဘယ်လောက်ပဲ တေဇကို စိတ်ကုန်တယ်
ပြောပြော

ဒီအတောအတွင်းတော့ Moon တယောက်
စိတ်သက်သာမှု ရစေရန် သူ့အနားမှာ ရှိနေပေး
ချင်မိသည်

တခါခေါ် မကိုင်

နှစ်ခါခေါ် မကိုင်

လူက အလိုလို စိတ်ပူလာသည်

"သြော် ငါ့မှာလည်း ဒုက္ခ

Moon နဲ့ ပတ်သတ်လာရင် အမြဲ စိတ်ပူနေမိ
တော့တာပဲ"

တယောက်ထဲ တိုးတိုးလေး ရေရွတ်နေရင်း
တတိယအကြိမ်မြောက် ဖုန်းခေါ်မယ်လုပ်နေ
တုန်း Moon ဆီမှ message တစောင်ဝင်လာသည်

👭Eternal Love👭 [စ/ဆုံး]Where stories live. Discover now