"ကိုယ့်ကို Moon ရဲ့ depature time သေချာ
အောင် စုံးစမ်းပေးထားပါ မုန်း"ကြားလိုက်ရတဲ့ သတင်းက တကိုယ်လုံးက အားအင်တွေ တစုံတရာက ထုတ်ယူသွားသလိုမျိုး
ကိုယ့်ခြေထောက်ပေါ်တောင် ကိုယ် ကောင်း
ကောင်းမရပ်နိုင်တော့၍ ဘေးနားက ကား body ကိုပင် မှီထားလိုက်ရသည်ထို့အပြင် ခေါင်းတွေရော မျက်လုံးတွေပါ ပြာလာလေသည်
ငါတို့ ဒီလိုပဲ ပြီးသွားပြီလား Moon
မဖြစ်သေးပါဘူး Moon ကို မေးရမယ်တခါခေါ် မကိုင်
နှစ်ခါခေါ် မကိုင်
"အား"
စိတ်တိုတိုနဲ့ လက်ထဲက ဖုန်းကို ကိုင်ပေါက်ပစ်လိုက်သည်
"ချလွမ်း"
ဘကြီးဖြိုးရော မိပုရော အလန့်တကြား ကိုယ့်နားရောက်လာသည်
"သမီး ဘာဖြစ်တာလဲ"
၂ယောက်စလုံးကို လက်ကာပြလိုက်ပြီးအသက်
ပြင်းပြင်းရှူနေလိုက်သည်ဒီအချိန်မှာ သွေးဆူလို့မဖြစ်ဘူး စိတ်အေးအေးထားစမ်း Nile
"ဟာ ဖုန်းကကွဲသွားပြီ"
မိပုက တစစီဖြစ်သွားသည့် ဖုန်းကို ကိုယ့်လက်ထဲလာထည့်သည်လက်မှ နာရီကြည့်လိုက်တော့ ညနေ ၅နာရီ
"ဘကြီးဖြိုး ရန်ကုန်ကို ထွက်မယ့် လေယာဉ်
ချိန်တွေ စုံစမ်းပေးပါဒီညနေဖြစ်ဖြစ် မနက်ဖြန်မနက်အစောပိုင်းဆုံး
ဖြစ်ဖြစ်အစောဆုံး လေယာဉ်နဲ့ သမီး ရန်ကုန်ပြန်ရလိမ့်မယ်"
ကြောင်တောင်တောင်ဖြစ်နေသည့် ဘကြီးဖြိုးကို လောလိုက်ရသေးသည်
"ဘကြီးဖြိုး မြန်မြန်"
"အေးအေး သမီး ဘကြီးဖြိုး ဖုန်းဆက်မေးပြီး လက်မှတ်ဖြတ်လိုက်မယ်"
ပြောပြီးပြီးချင်း အိမ်ထဲဝင် ဖုန်းဆက်နေလေ
ရဲ့ဆက်သာ ဆက်ခိုင်းလိုက်ရသည်
أنت تقرأ
👭Eternal Love👭 [စ/ဆုံး]
عاطفية(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...