"Nile မှတ်မိလားလို့"
"အင်း အင်း မှတ်မိတယ်"
"နင်ကလည်း ဘာတွေအဲလောက်တောင်စဉ်းစားနေလို့ ချက်ချင်းပြန်မဖြေနိုင်တာလဲ
ဒါနဲ့ တေဇက ငါတို့နဲ့ တွေ့ချင်တယ်တဲ့ ဒီတပတ် Sunday ငါချိန်းလိုက်တယ်"
(အဟက် ငါတို့နဲ့မဟုတ်ပါဘူး သူကနင်နဲ့
ပဲတွေ့ချင်နေတာ ဗေဒင်ဟောရင်တောင်
လွဲဦးမယ်)"Nile"
"ဟမ် သြော် အေး"
"နင်ဘာဖြစ်နေတာလဲ နင့်စိတ်တွေ ဒီမှာရှိမနေဘူးနော်"
"မဟုတ်ပါဘူး meeting ကိစ္စခေါင်းထဲဝင်လာလို့ ကောင်းပြီလေ ငါတို့ sunday တွေ့ကြတာ
ပေါ့နေရာနဲ့ အချိန် message ပို့ထားပေး ဟုတ်
ပြီလား""Ok ဖြေးဖြေးမောင်းနော်"
Moon ကို အိမ်မှာချပေးပြီး meeting မီရန် company သို့ အမြန်မောင်းလာစဉ် ဖုန်းမြည်
လာသည် ကားမောင်းနေတုန်းဆိုတော့ contact လည်း သေချာမကြည့်မိ"Nile ပါ"
"ဟုတ်ကဲ့ MD meeting စဖို့ လူစုံနေပါပြီ"
"ကိုယ်လာနေပြီ ဒါနဲ့ မင်းကို အရေးတကြီး
အကူညီတောင်းစရာ တခုရှိတယ် personal ကိစ္စဆိုပါတော့""ဟုတ်ကဲ့ပြောပါ MD"
"လူတယောက်အကြောင်းစုံစမ်းပေးဖို့ပါ
၃ရက်အတွင်း ပြည့်ပြည့်စုံစုံသိချင်တယ်စုံစမ်းရမယ့်သူနာမည်နဲ့ ကိုယ်သိသလောက် အချက်အလက်တွေ mail ပို့ပေးထားမယ်"
"ဟုတ်ကဲ့ MD ၃ရက်အတွင်းရစေရပါမယ်"
"Ok ကျေးဇူး"
ဖုန်းချပြီးသည်နှင့် company သို့ အပြေး
အလွှား meeting ထိုင် ချွေးပျံ
အောင် ဆွေးနွေး ညှိနှိုင်းရင်း Moon ရော တေဇ ကိစ္စပါ ခေါင်းထဲ ထည့်မထားနိုင်တော့စနေနေ့ မနက် (တေဇနှင့်မတွေ့ခင် တရက်အလို)
အိမ်မှာပဲ တနေကုန် အေးအေးလူလူ စာဖတ်လိုက် မုန့်ဖုတ်လိုက်လုပ်နေတုန်း
တင်း တောင် တင်းတောင်
စာဖတ်ရင်း bell သံကြားလို့ ဝရံတာမှ
ခြံဝလှမ်းကြည့်လိုက်တော့ မုန်း
VOCÊ ESTÁ LENDO
👭Eternal Love👭 [စ/ဆုံး]
Romance(unicode) ငါ့ဘဝရဲ့ တန်ဖိုးအရှိဆုံး အဓိပ္ပာယ်ရှိဆုံးက နင်နဲ့ဆုံဆည်းခဲ့ရတာပါ နင်နဲ့အတူရှိခဲ့တဲ့အချိန်ကာလတလျောက် နင့်ကြောင့်ပျော်ရွှင်ခဲ့ရဖူးသလို ဝမ်းနည်းခဲ့ရတဲ့ အချိန်တွေလည်းရှိခဲ့ဖူးတယ် ဒါပေမယ့်... အဲတာတွေ အတွက် ငါဘယ်တော့မှ နောင်တမရခဲ့ဖူးဘူး နင်ကငါ့...