CHAPTER 32

1.6K 101 33
                                    

cigarette ကို မီးညှိမယ်လုပ်တော့ လက်တွေက တစက်စက်တုန်နေပြီး တော်တော်နဲ့ ညှိမရ

စာလေးကိုကျစ်ကျစ်ပါအောင် ဆုတ်ထားပြီး
ဘယ်နှ လိပ်မြောက်မှန်းမသိ ထိုင်သောက်နေ
မိသည်

မျှော်လင့်ထားသည့် ကိစ္စဆိုပေမယ့် လက်တွေ့
ကြတော့ နှလုံးသားက ခံနိုင်ရေ မရှိပြန်

ကောင်းကင်ပေါ် တက်သွားသည့် ဆေးလိပ်
ငွေ့တွေကို အမှတ်တမဲ့ ငေးနေမိသည်

(ငါဘာလုပ်ရမလဲ Moon???

ရင်ထဲမှာ ဟာတာတာနဲ့ ဗလာကျင်းနေပြ

ကိုယ်ကိုလိုချင်တာ ဘာလဲ ကိုယ်ဖြစ်စေချင်တာ ဘာလဲ ဆိုတာ

ကိုယ့်ကိုကိုယ် တောင်မသိတော့ဘူး အချိုလေးရယ်)

"Nile ရေ ဖုန်းလာတယ် Moonတဲ့"

"ဟုတ် မေ လာပြီ"

အောက်ထပ်ကို ဆင်းလာရင်း တေဇနဲ့ ကိစ္စ
အတွက် တခုခုတော့ Moon ကိုပြောရမယ်

အပြေးအလွှား စဉ်းစားလာခဲ့ပေမယ့်
ခေါင်းထဲကမထွက်

(Nile နည်းနည်းလေး ထပ်ပိပိရိရိ
ဟန်ဆောင်လိုက်စမ်းပါ)

ကိုယ့်ကိုကိုယ် အားပေးရင်း ဖုန်းကိုင်လိုက်သည်

"Moon နင်တို့က မြန်သားပဲ ကဲပြော
ဘယ်တော့ 1 table ကျွေးမှာလဲ"

ဝမ်းနည်းသည့် အသံ မဖြစ်အောင် ကြိုးစား
ထိန်းထားလိုက်သည်

လောကကြီးမှာ ဟန်ဆောင်နေရတာ မုန်းလိုက်တာ

"ငါခု အေးမွန်နဲ့ facebook မှာပြန်ဆုံနေတယ်
နင့်ကိုလည်း add ထားတယ်တဲ့

သူနောက်တပတ် ရန်ကုန်လာလိမ့်မယ်

ငါတို့အားလုံးတွေ့ကြတာပေါ့ အဲအချိန်ကျ
ငါကျွေးမယ် ဟုတ်ပြီလား"

(ဟုတ်ပြီ Nile ဒီထက့်ပေါပေါ့့ပါးပါးလေး
ဖြစ်အောင် ပြောစမ်းပါ

မင်း သူနဲ့ ပတ်သတ်လို့ ဘယ်လိုမှ မခံစားရဘူးဆိုတာ Moon သိအောင်
လုပ်ဖို့လိုတယ်)

👭Eternal Love👭 [စ/ဆုံး]Où les histoires vivent. Découvrez maintenant