CHAPTER 4

1.9K 93 2
                                    

ရလဒ်
မမျှော်လင့်ဘဲ

အမှတ်တမဲ့ ဆုံချိန်ခဏ

နှလုံးသား ဗဟိုတည့်တည့်

ပစ်ခွင်းခဲ့တဲ့ အကြည့်တချက်

မျိုသိပ်ခြင်းတွေနဲ့ နှုတ်ခမ်းတစုံ

ဆွံအစေးထန်းနေခဲ့

အချစ်ရည်တွေ အိုင်ထွန်း

ငါ့မျက်ဝန်းတွေကို မင်းကလျစ်လျူရှုခဲ့

"သိပ်ချစ်တယ်"
ဆိုတာထက်လေးနက်တဲ့

စကားလုံးတွေရှာဖွေ

သတ္တိတွေကိုမွေးမြူ

ချစ်ခြင်းတွေကို ဖွင့်ဟ ဝန်ခံမယ်ပေါ့

ဒါပေမယ့်

တခြားသူရဲ့ ရင်ခွင်မှာ

ခိုဝင်တော့မယ့် မင်းကို

ထာဝရဆုံးရှူံးတော့မယ်လို့

သိလိုက်ရချိန်

အရာရာ နောက်ကျလို့သွားပြီ 📖📚📖📚

ရင်ဖွင့်စရာလူလည်းမရှိတော့ ကဗျာတပုဒ်ကို
ဒိုင်ယာရီထဲမှာချရေးရင်း ဘယ်နှကြိမ်မြောက်
ငိုမိမှန်းကိုယ့်ကိုကိုယ်တောင်မသိတော့

ဖောင်းကားနေသည့် မျက်လုံးတွေကတော့
သက်သေပေါ့

ထိုစဉ်

"Nile သူငယ်ချင်းတွေအောက်မှာရာက်နေ
တယ် ခဏနေ တက်လာလိမ့်မယ်"

အဆောင်တူ တခန်းထဲ သူငယ်ချင်းတယောက်လာပြောသည်

ဒိုင်ယာရီစာအုပ်ကို အမြန်သိမ်းရင်း ကုတင်ပေါ်လှဲနေလိုက်သည်

"ငါတို့ကို ဘာမှ မပြောဘဲ ရုတ်တရက်ကြီး
ဘာလို့ပြန်သွားတာလဲ"

Moon က နှုတ်ခမ်းဆူပြီးမေးပါတော့သည်

"ငါ ခေါင်းတွေတအားကိုက်လာလို့ အဆာင်ပြန်နားလိုက်တာပါ sorry ဟာ"

"ပြစမ်းပါဦး ကိုယ်တွေပါ ပူနေလားလို့"ဆိုပြီး
နှဖူးကို Moon လက်ကလေးနှင့် လာစမ်းသည်

👭Eternal Love👭 [စ/ဆုံး]Место, где живут истории. Откройте их для себя