CHAPTER 30

1.4K 85 14
                                    

"ဖေ မေ သမီး ကလောကို ခဏလောက်သွား
နေချင်တယ် ၂ပတ်လောက်ပါပဲ ခရီးလည်း
မထွက်ဖြစ်တာကြာတော့ ခေါင်းဆေးတဲ့
အနေနဲ့ပါ"

ဘေးနားမှာ ရှိနေသည့် မောင်လေးက

"မမလေးကလည်း မမကြီးဆီသွားနေပါလား"

"ငါတယောက်ထဲ နေချင်လို့ပါဆိုမှ မမကြီးဆီသွားမနေချင်ပါဘူး ဒါနဲ့ မင်းနော် သေသေ
ချာချာ အလုပ်လုပ် ငါ့ဆီလည်း အရေးကြီး
ကိစ္စတွေတင်ပြဦး"

"စိတ်ချစမ်းပါ ကိုယ့်ဘာသာသေချာ ပျော်ခဲ့"

မောင်နှမ ၂ယောက်ပြောနေတာကို
ပြုံးပြုံး ပြုံးပြုံးနဲ့ နားထောင်နေသည့် daddy

"သမီး ဘယ်တော့သွားမလဲ ဖြိုးကြီးတို့ကို ကြိုအကြောင်းကြားထားလိုက်မယ်လေ"

"ဘကြီးဖြိုးတို့ ဒေါ်နန်းတို့ကို သမီးပြောထားပြီးသားပါ ဖေ"

"ငါ့သမီးက သေချာစီစဉ်ပြီးသားကို
ဒါနဲ့ ဘာနဲ့ သွားမှာလဲ

flightနဲ့ဆို ဖြိုးကြီး ကို ဟဲဟိုးလာ ကြိုခိုင်းလိုက်မယ်"

"flight နဲ့တော့မသွားချင်ဘူး ဖေ"

daddy နဲ့ပြောနေတုန်း mommy ကအလျင်စလိုဖြင့်

"ကိုယ်တိုင် ကားမောင်းသွားဖို့တော့ မေမေ
ခွင့်မပြုဘူးနော် သမီးငယ်"

မောင်လေးကပါ အလန့်တကြား

"ဟုတ်တယ် မမလေး ခရီးကနဲတာ မဟုတ်ဘူး တယောက်ထဲမောင်းသွားတာ စိတ်မချဘူး"

"ငါသိပါတယ် ငါ့အဘိုး သေသွားပြီမှတ်တာ
မသေသေးဘူးကိုး ဒါနဲ့ မင်းကအငယ်လား
ငါကအငယ်လား"

"ဟားဟား ဒီကလေး ၂ယောက်တော့ ခုချိန်ထိကွာ"

"ဖေ့သားက တခါတလေ ဆရာလုပ်လွန်းလို့
ကိုယ်ကအကြီးလား သူကအကြီးလားတောင်
မေ့မေ့သွားတယ်"

"မောင်လေးက စိတ်ပူလို့ပါ သမီးရယ်"

"ဟုတ်ကဲ့ပါ မေတို့ အဲလိုပြောမယ်ဆိုတာ သိလို့ express နဲ့သွားမယ်ပြောမလို့ပါ ရှုခင်းလေး
ကြည့်ပြီး ခရီးသွားရတာ ပိုအရသာရှိလို့"

👭Eternal Love👭 [စ/ဆုံး]Où les histoires vivent. Découvrez maintenant