CHAPTER 27 (unicode)

2.3K 126 0
                                    

ဒေါက် ဒေါက် ဒေါက်

"Shit အရေးထဲ ကွာ"

အိမ်ကလူတွေ တံခါးခေါက်ပြီးမှ ဝင်တတ်
ကြလို့တော်သေးသည် မဟုတ်ရင်
တော်တော်မလွယ်သည့် ကိစ္စ

ပွင့်လာသည့် တံခါးကြားထဲမှ မြင်လိုက်ရသူက

(ကန်တော့ ကန်တော့ အနှောက်အယှက်က mother ကြီးကိုး)

"ဘာလုပ်နေကြတာလဲ"

"အဟမ်း ဘာမှ မလုပ်ပါဘူး မေ ဘာလို့လဲ"

mommy က ဒီတိုင်းမေးလိုက်သည့်ပုံ ကိုယ်တွေကသာ မလုံမလဲ

"မုန်း လာတယ် သမီးကိုပြောစရာရှိလို့တဲ့ Moon breakfast တခါထဲစားသွားနော်"

"ဟုတ် မေ" "ဟုတ် အန်တီ"

ပြိုင်တူပြောပြီး တယောက်မျက်နှာ တယောက်ကြည့်ပြီး ရယ်ဖြစ်ကြသည်

အောက်ဆင်းရန် အခန်းထဲပြန်ဝင် လိုအပ်သည့် စာရွက်စာတမ်းတွေ ယူရင်း နောက်မှ လိုက်လာသည့် Moon ကို သေချာကြည့်မိလိုက်တော့

"Moon အပေါ် ကြယ်သီး တွေပြုတ်နေတယ်"

"ဒုက္ခပဲ အန်တီများ မြင်သွားသေးလားမသိဘူး"

"ကြယ်သီး ၃လုံးလောက်နဲ့ ဘာမှ မမြင်ရပါဘူး ရှက်မနေပါနဲ့ ငါ့အမေကို"

"ဟ ကြယ်သီးပြုတ်နေလို့ရှက်တာ
မဟုတ်ဘူး ငါတို့ မဟုတ်တာလုပ်နေတာ သိသွားမှာစိုးလို့ဟ ပိန်းပါ့ Nile ရာ"

"သြော် လက်စသတ်တော့ ငါ့ကို နမ်းရင်း စိတ်ပါသွားပြီး အဲ ကြယ်သီးတွေ ကိုယ့်ဘာသာ ဖြုတ်ပစ်တာပေါ့ ဟားဟားဟား Moon လေးလည်း မထင်ရဘူးနော် နှာဘူးလေးပဲ"

"ယား ငါ့အင်္ကျီ ငါ့ချွတ်စရာလား
နင်လုပ်ထားတာလေ အင့် ခုပြန်တပ်ပေး"ဆိုပြီး ရင်ဘတ်ကိုရှေ့တိုးလိုက်သည်

"wait ငါလုပ်ထားတာ???"

"ခုနတုန်းက နင်ကိုယ်တိုင် ဖြုတ်ပစ်လိုက်တာလေ ခုမှ ရိုးသား ချင်ယောင်ဆောင်မနေနဲ့ နှာဘူး အကြီးစားရဲ့"

"ဟားဟားဟား တကယ်??? ငါလည်းမသိလိုက်ရပါလား
ဒါနဲ့ အဟမ်း ပြန်... ပြန်တပ်ပေးရမှာလား ငါက"

"ဒါပေါ့ ကိုယ်လုပ်ထားတာ ကိုယ်ရှင်းရမှာပေါ့"

မျက်ခုံးလေး တဖက် ပင့်လိုက်ရင်း ပြုံးပြုံးစိစိလုပ်နေသည့် Moon

👭Eternal Love👭 [စ/ဆုံး]Where stories live. Discover now