CHAPTER 13 (unicode)

2.5K 166 0
                                    

Moon ပြောလိုက်သည့်စကားက ကိုယ့်ကို
ကျင်စက်ဖြင့်တို့လိုက်သဖွယ်

ဟုတ်တယ် ၂နှစ်ပဲ အချိန်ရသည် Moonနဲ့
သဘောတူထားသည့် ကတိ

အဲကတိသာ မပေးဖြစ်ခဲ့ရင်...
Moonကို ဒီတသက် ချစ်ခွင့် ပိုင်ဆိုင်ခွင့်
မရနိုင်သလို

အဲကတိသာ မပေးဖြစ်ခဲ့ရင်...
နေ့ရက်တိုင်းကို ဒီလို ရင်တထိတ်ထိတ်နဲ့ ဖြတ်သန်းရမှာ မဟုတ်ပါ

မြင်းခြံ ရောက်နေစဉ် Moon နဲ့ သဘောတူထား ခဲ့တဲ့ ကတိစကားတွေကို ပြန်ကြားယောင်လာမိသည်

"ငါနဲ့ တသက်လုံး ဒီလိုနေသွား နိုင်မလား Moon
ငါတို့ ကြားထဲမှာ နောက်တယောက်မရှိဘဲနဲ့
လေ"

(တကယ်တော့ သတ္တိကြောင်ပြီး ချစ်တယ်လို့ မပြောရဲခဲ့ဘူး

Moonသာ ငြင်းလိုက်ရင် ကိုယ်ရူးသွားနိုင်
တယ်)

"နင်က ငါ့အချစ်ဆုံးလူသား တယောက်ပါ

ဒါပေမယ့်

ငါ့ရည်မှန်းချက်တခုက အသက် ၂၅ နှစ်ကြရင် အိမ်ထောင်ပြုမယ်

ကလေးလေးတွေ မွေးပြီး ပျော်ရွှင်စရာ မိသားစုဘဝတခု တည်ဆောက်မယ်"

Moon စကားပြောရင်ပွင့်လင်းသလောက်
ကိုယ့်က ဝေ့နေတတ်ပါသည်

သူ့ရည်မှန်းထားတဲ့ အကြောင်းအရာတွေက
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကိုယ်သိ
နှင့်ပြီးသား အကြောင်းအရာတွေပါ

ဒါပေမယ့်

ဒီတခါတော့ နားစည်ထဲ သံရည်ပူလောင်းချ
လိုက်သလို

( ငါဘာလို့ နင့်မှ နင်ပဲဖြစ်မိနေတာလဲ မသိဘူး

ငါတို့မတွေ့ခဲ့ရင်ကောင်းသား Moon ရယ်

နင့်ကိုချစ်ရတာ နာကျင်လိုက်တာ

အဲဒီ့ နာကျင်မှုတွေကို နင်မြင်နိုင်လည်း ကောင်းသား)

စိတ်ကိုအတတ်နိုင်ဆုံး ပြင်ဆင်ပြီး မဝံ့မရဲမေးမိသည်

"ငါ့ကို အချိန်နည်းနည်းပေးပါလား Moon ငါ
နင့်ကို ဘယ်လောက်တန်ဖိုးထားလဲ ပြချင်လို့ပါ"

👭Eternal Love👭 [စ/ဆုံး]Onde histórias criam vida. Descubra agora