CHAPTER 34

1.9K 93 38
                                    

တဒုတ်ဒုတ် ခုန်နေသည့် ရွှေလည်တိုင်မှ
သွေးကြောမျှင် လေးကို လျှာဖျားလေးဖြင့် မထိတထိ ပွတ်ဆွဲပစ်လိုက်စဉ်

"အ"
Moon အနည်းငယ် ညည်းတွားလိုက်ရင်း
ကိုယ့်လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လာသည်

နဖူးပေါ်ဝဲကျနေသည့် ဆံနွယ်လေးတွေ သပ်
တင်ပေးပြီး တိုးတိုးလေးကပ်,ဆိုလိုက်သည်

"ဒီနေ့မှ ဘာလို့ အရမ်း မိုက်နေတာလဲ gorgeous"

ပြောရင်းနဲ့ပဲ တင်ပါးကနေ Moon ကိုဆတ်ခနဲ
ပွေ့ချီလိုက်တော့ အလျင်အမြန် ကိုယ့်ခါးကို
ခြေထောက်တွေနဲ့ ချိတ်ထားလိုက်ပြီး

"ဘာလုပ်တာလဲ Nile ပြန်ချပေး လူမြင်မ
ကောင်းအောင်"

"ဒီနေ့တော့ ကမ္ဘာဆုံးထိသွားကြည့်ရအောင်
နော်"

ကိုယ်,မထားသည့် တင်ပါးလေးတွေကို တပြိုင်ထဲ ညစ်ပစ်ရင်းပြောလိုက်သည်

အနီးကပ်အနေအထားအရ ကြားခံဝင်လေ
ထွက်လေတွေက တယောက်ကို တယောက် ကျီစယ်နေကြလေရဲ့

ကိုယ့်ကို ရှက်ရွံ့စွာ မော့ကြည့်ပြီး ကိုယ့် ဘယ်ဘက် ရင်ဘတ်ကို ပါးလေးနဲ့ကပ်ထားရင်း Moon ပြုံးနေတာကိုကားမှန်မှ တဆင့်
လရောင်၏ အကူအညီဖြင့် မြင်ဖြစ်အောင်မြင်လိုက်သေးသည်

(လူကို ရူးအောင်ပြုစားနေပြန်ပြီ)

ကားနောက်ခန်းထဲတွင် Moon ကိုလှဲစေပြီး အပေါ်မှ အုပ်မိုးထားလိုက်တော့ ရီဝေဝေ ကိုယ့် အကြည့်တွေကို အနေရခက်စွာ မျက်လွှာချ
လိုက်ပြီး ပန်းနုရောင် အောက်နှုတ်ခမ်းပါးလေးကို ဖွဖွလေးကိုက်နေသည်

ဘာစကားမှ ထပ်မပြောဖြစ်ဘဲ လရောင်
အောက်မှ Moon မျက်နှာလေးကို ငေးမော
နေမိသည်

1sec 2sec 3sec 4sec 5sec

"Nile"

ပွင့်အာလာသည့် နှုတ်ခမ်းဖူးဖူးလေးကို အမိအရ သိမ်းကြုံး ထိတွေ့ နမ်းရှိုက်လိုက်ရင်ပဲ အလိုက်တသိ အနမ်းတို့ဖြင့် ပြန်လည် တုန့်ပြန်လာသည့် Moon

👭Eternal Love👭 [စ/ဆုံး]Nơi câu chuyện tồn tại. Hãy khám phá bây giờ