4.

10K 963 20
                                    

Winner ?
Ep _ 4

"ကိုယ်မှာတာ ကော်ဖီလေ ဘာလို့ နွားနို့ လာချတာလဲ မှားနေပြီ "

"ဟို အဲ့တာက ... လူတစ်ယောက်က ဒါချပေးလိုက်ပါဆိုလို့ ပြီးတော့ ဒီစာလေး "

မင်းဥာဏ်ဟိန်း မျက်မှောင့်ကြုံ့ပြီး စားပွဲထိုးပေးတဲ့ စာရွက် အနီရောင်လေးကို ဖတ်ကြည့်လိုက်သည် ။

Hey " H " !

        ကော်ဖီ မသောက်နဲ့ ငါမကြိုက်ဘူး ဒီနေ့က စပြီး နွားနို့ပြောင်းသောက် ။

                              ~ W ~

စာရွက် သေးသေးလေးကို ကြည့်ပြီး အနည်းငယ် ပြုံးလိုက်သည် ။

"ပိုင်စိုးပိုင်နင်းနဲ့ အမိန့်လာပေးနေတယ် "

ခပ်တိုးတိုးလေသံဖြင့် ရေရွတ်ရင်း နွားနို့ ကို သောက်ကြည့်လိုက်သည် ။ မဆိုးပါဘူး သကြားမပါဘဲ စိမ့်စိမ့်လေး ။

》》》》》》》》

ဝိုင် ပေးခိုင်းလိုက်တဲ့ စာကို Target က သေချာကြည့်နေသည် ။ ဒါပေါ့ W ဆိုတာ သေချာပေါက် ဝိုင် လေ ။ ဝိုင် က အင်္ဂလိပ် စာလုံး Y နဲ့ မသုံး ...Wine ဆိုတဲ့ W ကို အမြဲ သုံးလေ့ရှိသည် ။

နွားနို့ သောက်ပြီးတော့ ....အင်း..... မင်းဥာဏ်ဟိန်း .... ကျွန်တော် ခေါ်သလို ပြောရရင် H ပေါ့ ... H ရဲ့ အကြည့်က ကျွန်တော့်ဆီ ရောက်လာသည် ။

"မင်းဘယ်သူ့ကို ဒီလောက်ထိ ကြည့်နေတာလဲ "

"Target "

"ဟင် "

အဖြူရောင် အင်္ကျီနဲ့ H ရဲ့ ဖြူဝင်းနေသော အသားအရည်က လိုက်ဖက်လွန်းသည် ။ ၆ ပေ ကျော်သော အရပ်အမောင်း ။ ယောက်ျား ပီသသော ကိုယ်နေဟန်ထား ။
ချောမောသည့် ရုပ်သွင် ။ ပါးလွှာသော နှုတ်ခမ်း ။ မျက်ဝန်းအောက်က ခပ်သေးသေး မှည့်နက်လေး  တစ်ခု ။

Target က တကယ်ပင် အပြစ်ပြောစရာ မရှိအောင် ခန့်ညားလွန်းသည်ကိုတော့ ဝန်ခံရမည် ။

"မင်းတို့ နှစ်ယောက် အကြည့် ပြိုင်နေကြတာလား "

"နေစမ်းပါ "

ကျွန်တော်က စိုက်ကြည့်နေသည်ကို H က လည်း ပြန်ကြည့်နေရင်း ပြန်အကြည့်မလွှဲ ။
သူက စပြီး အကြည့် မလွှဲတော့ ကျွန်တော်လည်း စိုက်ကြည့် နေလိုက်သည် ။ ကျွန်တော်က အရင် အကြည့်လွှဲလိုက်ရင် အရှုံးပေးလိုက်သလို ဖြစ်နေဦးမည်လေ ။

Winner ? Where stories live. Discover now