36.

6.1K 505 3
                                    

Winner
Ep _ 36

"ကျွန်တော့် အကြောင်း တွေးနေတာလား "

ဘာမှ ပြန်မပြော ။ ဦး က ကျောက်ခေတ် လူသားကြီးနှင့် တူသည် ။ နွားနို့ အနံ့လေး မွှေးလာတော့ တအံ့တဩ ဦးကို ကြည့်ရပြန်သည် ။ ဦးကတော့ လုံးဝ တည်ငြိမ်နေဆဲ ။

"ဦး ရာ ချစ်လွန်းလို့ ရူးမှာပဲ "

ဒီလောက်ထိ ပြောနေတာတောင် မသိချင်ယောင်ဆောင်နေပြန်ပြီ ။ ဒီလူပျိုကြီးကို ပြန်ပေးသာ ဆွဲပစ်လိုက်ချင်တော့သည် ။

စားစရာတွေကို ဗန်းထဲထည့်ပြီး မီးဖိုခန်းထဲက ထွက်သွားလေသည် ။ အနောက်ကနေ ပြေးလိုက်ပြီး ဦး ထိုင်လိုက်သည့် စားပွဲမှာ ဝင်ထိုင်သည် ။

"ဒီနေ့ ဘယ်ချိန် စာလုပ်မှာလဲ "

"အရင် စားပါရစေဦး "

"အင်း "

ထမင်းကြော်က အရသာရှိသည့် အပြင် မနက်ကတည်းက ဘာမှ မစားရသေးတော့ ဗိုက်ဆာနေသည်မို့ တစ်ဇွန်းပြီး တစ်ဇွန်း အသည်းအသန် စားနေမိသည် ။ တစ်ပန်းကန်လုံး ပြောင်သွားတော့မှ ဦး အရှေ့တည့်တည့်တွင် ထိုင်ကြည့်နေသည်ကို သတိရတော့သည် ။

"ထပ်ယူဦးမလား "

"တော်ပြီ နွားနို့ သောက်လိုက်မယ် "

"အင်း "

နွားနို့ အရသာကို ခံစားရင်း တငုံချင်း ဇိမ်ဆွဲပြီး သောက်နေလိုက်သည် ။ ထိုစဉ် ဆိုင်ထဲကို ကောင်မလေးတွေ ဝင်လာသည် ။
အကုန်လုံးက အချောလေးတွေ ... လှတာမှ ထိုင်းမလေးတွေလိုကို လှတာ ။

ကိုယ်လုံး ကိုယ်ပေါက်လေးတွေကလည်း အချိုးအစားက လုံးဝ အပြစ်ပြောစရာ မရှိ ။ ပြေပြစ်သည် ။ ခြေတံလေးတွေက သွယ်လျနေတော့ ဘောင်းဘီတိုလေးတွေ ဝတ်ထားလည်း ကြည့်ကောင်းသည် ။

ဆံပင် ပုံစံလေးတွေကလည်း လိုက်ဖက်သည် ။ အသားလေးတွေက ဖြူဝင်းနေပြီး နှုတ်ခမ်းလေးတွေက ရဲနေသည် ။ မျက်ဝန်းလေးတွေကလည်း  ဝိုင့် ဆီက မခွာကြတော့ ။ ဝိုင်ကလည်း အကြည့်စူးစူးတွေနှင့် တစ်ယောက်မကျန် ငေးနေမိသည် ။

"ပြန်တော့ "

ဦး အသံကြားမှ ဦး ရှိနေတာကို သတိရတော့သည် ။ လူဆိုတာလည်း အခက်သား လှတာလေးတွေ မြင်ရင် မျက်စိက အော်တိုကို ရောက်သွားတာ ။

Winner ? Where stories live. Discover now