37.

6.1K 506 0
                                    

Winner
Ep _ 37

"အဲ့ဒီတော့ အစ်ကိုက ဝိုင့် ကို ချစ်နေတာ ကြာပြီပေါ့ "

"အင်း "

ချစ်နေသော်လည်း အသက်အရွယ် အရရော  တခြား တခြားသော စည်းတွေ အရ ထိန်းချုပ် ထားရသည် ။ ဒါကို ဒီကလေးရဲ့ ရိသဲ့သဲ့ စကားများက လူကို မနေနိုင်အောင် ပြုစားသည် ။ တစ်နေ့ တစ်နေ့ ရင်ခုန်ရလွန်းလို့  နှလုံးရောဂါပင် ရနေလောက်ပြီ ။

ကျွန်တော်ကသာ ထိန်းချုပ်ပြီး နင့်နေအောင် ချစ်နေမိတာ ဒီကလေးကတော့ နှလုံးသားကို ကစားဖို့လောက်သာ သိသည် ။ ခုချိန်ထိ မလေးနက် ။ အင်းလေ ... သူကိုယ်တိုင်က target ပါလို့ ပြောပြီးသားကို ဘာတွေ မျှော်လင့်နေမိပါလိမ့် ။

ကောင်မလေးတွေဆီကတောင် အကြည့် မခွာနိုင် ။ ဒီကတော့ လူကြီးတန်မဲ့နဲ့ အသက်အရွယ်နဲ့ မလိုက်အောင် ရူးလိုက်ရတာ ။ ဝိုင့် အပြောအဆိုတွေ ကြားထဲမှာ ကြည်နူးလိုက်ရတာ ။

ဒင်းလေးကတော့ ချစ်ဟန်မတူ ။ အပျော် သက်သက် ... ဆော့ကစားနေသည် ။ ခပ်ဆိုးဆိုးလေးရဲ့ ချစ်တယ် ဆိုသော စကားကို မျက်စိမှတ်ပြီး ယုံနေခဲ့မိသည် ။
မဖြစ်နိုင်ဘူးဆိုတာ သိသော်လည်း .... ယုံကြည်ချင်မိသည် ။

"အစ်ကိုရာ ... "

"မင်းကတော့ ကံကောင်းပါတယ် ငါ့တူက မင်းကလွဲရင် ဘယ်သူ့မှ မချစ်ဘူး "

"ဝိုင် လည်း အစ်ကို့ကို တကယ် ချစ်လောက်မှာပါ "

"မထင်ပါဘူးကွာ ... ငါ ငါ့တူတွေ သတိပေးခဲ့ကတည်းက စကား ထောင်ပြီး ခပ်ဝေးဝေးနေခဲ့သင့်တာ ခုတော့ ... "

"ချာတိတ်လည်း အရင်က အရမ်း ခြေရှုပ်တာ သိတယ် မဟုတ်လား "

"ဒါပေမယ့် သူက မင်းနဲ့ တွေ့ပြီး နောက်ပိုင်း မင်းစကား နားထောင်တယ်လေ "

"အဲ့တာ ပြောတာလေ အစ်ကိုရာ ဝိုင်လည်း အစ်ကို့ကို တကယ်ချစ်မိ သွားနိုင်ပါတယ် "

မဖြစ်နိုင် ။ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင် ။ ဝိုင် လို ကလေးဆိုးမျိုးက ဘယ်တော့မှ လိမ္မာမည် မဟုတ် ။ ချစ်တတ် သွားလိမ့်မည်လို့လဲ မထင် ။

"မသိတော့ပါဘူးကွာ ရူးချင်နေပြီ "

"အစ်ကိုရာ .. "

Winner ? حيث تعيش القصص. اكتشف الآن