Winner
Ep _ 42"ငါဒီကို ဘာလာလုပ်တာလဲ ? ငါ ... ငါ ရူးနေပြီလား ! "
တိုက်အပေါ်ကို မော့ကြည့်ပြီး ...လူက ရူးချင်သလို ဖြစ်နေပြီ ။ လေတိုက်လို့ တလွင့်လွင့် ဖြစ်နေသည့် လိုက်ကာစကို မော့ကြည့်ရင်း ရင်ဖက်ထဲမှာ တင်းကြပ်လာသည် ။
* ဘာက ငါ့ကို ဒီလောက်ထိ ဝမ်းနည်းစေတာလဲ ? *
ဝဏ္ဏ တစ်ယောက် ပေါက်တကရ အတွေးတွေ ထပ်မတွေးမိအောင် ကားထဲပြန်ဝင်ပြီး ဝူးကနဲ ခပ်ကြမ်းကြမ်း မောင်းချလိုက်သည် ။
* အိမ်ပြန်မယ် ! *
》》》》》》
ဆိတ်ငြိမ်ရပ်ကွက် ဖြစ်သည်မို့ အမြဲလိုလို တိတ်ဆိတ်နေသည် ။ ကားသံတွေကလည်း များသောအားဖြင့် ညက်သည်မို့ ...ညဖက်ဆို တိတ်ဆိတ်နေသည်က ပုံမှန် ။
ကျယ်လောင်သော ကားမောင်းသံကြောင့် ထွက်ကြည့်လိုက်တော့ အိမ်အောက်ကနေ မောင်းထွက်သွားသော ပြိုင်ကား အဝါလေး ....။
"မင်းဘာလာလုပ်တာလဲ ဝဏ္ဏ ... မပြောမဆိုနဲ့ ပြန်သွားစရာလား အမွှေကောင်လေး "
နေမကောင်းသည့် ကြားထဲက နှုတ်ခမ်းတွေ ကော့တက်သွားသည် အထိ ပြုံးလိုက်မိသည် ။ လူက ဖျားနေလို့ အစီအစဉ်တွေ နောက်ဆုတ် လိုက်ရပေမယ့်
အခြေအနေတွေ တိုးတတ်လာသား ။"လွမ်းတယ် ဝဏ္ဏရာ "
》》》》》》
ဝိုင် တစ်ယောက် အခန်းထဲက ကုတင်ပေါ်တွင် ဟိုဖက် လှိမ့်လိုက် ဒီဖက် လှိမ့်လိုက်ဖြင့် ။ တရုတ်ပြည် ရောက်နေသော်လည်း လျှောက်လည်ဖို့ နည်းနည်းလေးမှ စိတ်မပါ ။ ရောက်ကတည်းက ဟိုတယ် အခန်းထဲက မထွက်ဖြစ်။
"ဦး ဆီက အဆက်အသွယ်လည်း မရဘူး ... ကျွန်တော့်ကို မုန်းသွားပြီလား ဦးဝေ ... "
မှားတုန်းက မှားထားပေမယ့် ကိုယ့်ဖက်က စပြီး တောင်းပန်ရမှာကိုလည်း မလိုလား ။ အဆက်အသွယ် ဖြတ်ပြီးတော့လည်း မနေနိုင် ။
ဩော် ချစ်မိသွားသည်ကိုး ...။
"ကိုကို ! "
"Candy နင်ဘယ်တွေ သွားနေတာလဲ "
"ဘယ်မှ မသွားပါဘူး အိမ်မှာ dinner ရှိလို့ "

STAI LEGGENDO
Winner ?
Storie d'amoreCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚