Winner
Ep _ 45
( Final )ဝဏ္ဏနဲ့ H အဆင်ပြေသွားကြပြီ ဆိုတော့ ဝမ်းသာသည် ။ မြန်မာပြည်ကို ပြန်ရောက်သော်လည်း ဦးနဲ့ မတွေ့ရ ။
အဲ့နေ့ည ကတည်းက ဝိုင်နဲ့ ဦးဝေ အဆက် အသွယ် ပြတ်သွားခဲ့သည်က အခုထိ ။ သူများကို လိုက်ကူညီနေသော်လည်း မိမိကိုယ်တိုင်က အသည်းကွဲနေရသည့် အဖြစ် ။
"ဦးဝေ ကျွန်တော့်ကို တကယ်ကြီး မုန်းသွားပြီလား "
ကျွန်တော်တော့ တစ်သက်လုံး အလွမ်းတွေနဲ့ နှစ်ပါးသွား ရတော့မည် ထင်ပါရဲ့ ။
ဘယ်တတ်နိုင်ပါ့မလဲ ကျွန်တော့် အမှားကိုး ... ။
"ဝိုင် မနက်ဖြန် ကျောင်းတက်တော့မှာလား "
H ဆီက Message ဝင်လာသည် ။
"အေး တက်မယ် မတက်ရင်လည်း ငါ ဒီနှစ် ban ခံရတော့မယ် "
"အိုခေ အိုခေ "
ဖုန်းပိတ်ပြီး အိပ်လိုက်သည် ။ အိပ်မောကျသွားရင်တော့ နာကျင်နေရတာတွေ မေ့သွားလောက်ပါရဲ့ ။
"အိပ်မက်ထဲမှာ တွေ့ပါရစေ ဦးဝေ ... "
》》》》》》》》》
အတန်းထဲ ရောက်တော့ တစ်ခန်းလုံးက ကျွန်တော့်ကို မြင်သည်နှင့် အကုန်လုံး ဝိုင်းကြည့်ပြီး တိုးတိုး တိုးတိုး ပြောနေကြသည် ။
"ငယ်ငယ်လေးနဲ့ သူမို့လို့ဟယ် "
"အင်းလေ ... နဂိုကတည်းက တအား ရှုပ်တာကိုး "
"သူ့မိန်းမ ပါမလာဘူး ထင်တယ် "
"ထားခဲ့ပြီ နေမှာပေါ့ "
ဘာတွေ ဖြစ်နေမှန်း မသိလို့ ဝဏ္ဏကို မေးကြည့်မလို့ ပြင်တော့ ဒင်းက စောစောစီးစီး H နှင့် ရန်ဖြစ်နေသည် ။
အဲ့ ၂ ကောင်က ကြောင်ကြွက်လိုပဲ ... တစ်ချိန်လုံး ကိုက်နေကြသည် ။ H ကလည်း ချစ်တယ်သာ ပြောတာ နည်းနည်းလေးမှ အလျော့မပေး ။ တစ်ချိန်လုံး ရန်လိုက်စနေသည် ။
"ဟေ့ကောင်တွေ ! "
"ပြော ဘာလဲ "
"ငါ့အကြောင်း ဘာတွေ ပြောနေကြတာလဲ "
"သိချင်ရင် group ထဲ ဝင်ကြည့်လိုက် "
"ဘယ် group လည်း "
YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚