Winner ?
Ep _ 5" တီတီ "
အိပ်ယာနိုးနိုးချင်း မက်ဆေ့ အသံကြောင့် မင်းဥာဏ်ဟိန်း အိပ်ချင်မူးတူးဖြင့် ဖုန်းကို ယူလိုက်သည် ။
Wake Up !
ကောင်းသော မနက်ခင်း 😌
~ W ~
W ဆိုတာလေး မြင်တော့ ပြုံးမိသည် ။ ရိုးလိုက်တဲ့ အကွက်တွေ ..... ကလေး ဆန်လိုက်တာ ။
"သားရေ မင်းဆီကို deli ရောက်နေတယ် "
"Deli ? "
အမြန်ပြေးပြီး တံခါးဖွင့်လိုက်တော့ ကလေးတစ်ယောက် နွားနို့ဗူးလေး ကိုင်ပြီး ရပ်နေသည် ။
"ကိုကို တစ်ယောက်က ပေးခိုင်းလိုက်လို့ ဒီစာလေးရော ပေးလိုက်တဲ့ "
မင်းဥာဏ်ဟိန်း နွားနို့ဗူးနဲ့ စာရွက် အနီရောင်လေးကို ယူလိုက်တော့ ထိုကလေးက ပြန်သွားသည် ။
For u ... !
ကျောင်းမှာ စောင့်နေမယ်~ W ~
အနီရောင်သိပ်ကြိုက်တဲ့ ကောင်လေး ပါလား။ဒီနေ့ tuto မရှိလို့ နားမယ် စဉ်းစားထား သော်လည်း မင်းဥာဏ်ဟိန်း ကျောင်းသွားရန် ဆုံးဖြတ်လိုက်သည် ။
》》》》》》》》
"ဝိုင် မင်းဒီတစ်ခါ အခြေနေ သိပ်မတိုးတတ် သလိုဘဲနော် "
"အာ မင်းကလည်း မင်း target ကြီးက အထီးလေ ငါဘယ်လိုလိုက်ရမှန်းကို မသိတော့ဘူး "
"ကလေးအထာတွေ သွားမလုပ်နဲ့တော့ကွာ "
"အကွက်ဆန်းဆန်းတွေ စဉ်းစားမရဘူးဟ "
ဝဏ္ဏ ယောက်ျားလေး ပီပီ ဝိုင့်ကို မျက်စောင်းထိုးလိုက်သည် ။
"မင်းနော် ငါ့ ဟန်လေး အဲ့ ကင်းကောင်နောက် ပါသွားလို့ကတော့ သေမယ် "
"နေပါဦး မင်းက အဲ့တစ်ယောက်ကို တကယ်ကြီး ကြွေနေတာလား "
"မသိဘူး ဒီတိုင်း ကြိုက်လို့ "
"ကြိုက်ရုံလောက်ဆို တော်ပါတော့လားကွာ မင်းတကယ်ချစ်မိသွားတော့မှ ဆက်ပြောမယ် ငါဒီတစ်ခါ target ကို စိတ်မပါဘူး "

YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚