29.

5.6K 523 3
                                    

Winner
Ep _ 29

"ဦးဝေ ...."

ဦး က ကျွန်တော့်ဖက်ကို အနည်းငယ် ခေါင်းလေး စောင်းပြီး လှည့်ကြည့်ကာ မျက်မှောင်ကြုံ့သည် ။

"မခေါ်နဲ့ "

အနိမ့်အမြင့်မရှိ တည်ငြိမ်သော လေသံဖြင့် ပြောသည် ။

"ဒါဆို ... ဦးတည် "

ချက်လက်စ ဟင်းများကို လက်စသတ်ပြီး ဦး က ကျွန်တော့်ထံ တစ်လှမ်းချင်း လျှောက်လာသည် ။

"မခေါ်နဲ့ "

ကျွန်တော် ထိုင်နေသည့် စားပွဲနားကို ရောက်တော့ ဦးက လက်ပိုက်ပြီး ရပ်ကြည့် နေသည် ။

"ဦး ကလည်း "

"အင်း အဲ့လိုခေါ် "

"ဟာဗျာ "

ဦးက မိုးတိုးမတ်တပ်ဖြင့် လူကို စိုက်ကြည့် နေသည်မို့ မနေတတ်တော့ ။ ဦး ရှေ့မှ အမြန်ဆုံး ထထွက်လိုက်ပြီး အရှေ့က ဆိုဖာပေါ်မှာ ထိုင်စောင့်နေလိုက်သည် ။

ဦး က မီးဖိုတွေ ပိတ်ပြီးသည်နှင့် ချက်ချင်း ဆိုသလို အရှေ့ကို လိုက်လာပြီး ကျွန်တော် ထိုင်နေသည့် ဆိုဖာ လက်ရန်းပေါ်တွင် တစ်စောင်း ဝင်ထိုင်လိုက်သည် ။

နီးကပ်သွားသော အခြေအနေနှင့် ရုတ်တရက် ရလိုက်သော ဦး ရဲ့ ကိုယ်သင်းနံ့ကြောင့် ကြက်သီး ပါထသွားသည် ။

"မနေ့ညက ဘာလို့လဲ "

"ဗျာ "

"မနေ့ညက ဘာလို့ အဲ့လို လုပ်တာလဲ "

တရားခံကို စစ်မေးနေသည့် အမှုစစ် တစ်ယောက်အလား ကျွန်တော့် အမူအယာတွေကို တစ်ချက်လေးမှ အလွတ်မခံ ... တောက်လျှောက် စောင့်ကြည့် နေသည် ။

"ဟို ... "

မျက်နှာလေးတွေ ရဲသွားပြီး ခေါင်းကြီးငုံ့ ထားသည့် ကောင်လေး ... လက်ညှိုးနှင့် လက်မက အငြိမ်မနေ ။ စိတ်လှုပ်ရှား၍ ကုပ်ဖဲ့နေသည် ။

"ဒါက ရှက်ချင်ယောင် ဆောင်နေတာလား ? "

"တကယ် ရှက်နေတာဗျ ! "

မျက်နှာလေး ပြန်မော့လာပြီး ခပ်မာမာ လေသံဖြင့် အော်ပြောသည် ။ အခုမှ ရှက်နေသည့် ကောင်လေး ။ မနေ့ညကတော့
သူမဟုတ်သည့် အတိုင်း ။

Winner ? Where stories live. Discover now