Winner
Ep _ 21"သွားမယ် "
ဦးက ကားသော့ယူပြီး အရှေ့က ထွက်သွားတော့ ဝိုင်တစ်ယောက် ပြုံးစိစိဖြင့်
အသာလေး လိုက်သွားသည် ။"ဘော့စ်က တစ်ယောက်တည်း နေတာလား ? "
"ဘယ်ကသာ သူ့ဇယားတွေနဲ့ "
"မင်းက ဘာလို့ သီးသန့်နေတာလဲ "
"တစ်ယောက်တည်း နေရတာ ကြိုက်လို့ "
"အနည်းဆုံးတော့ မင်းရှိနေရင် ဘော့စ်က သူ့အရှုပ်တွေကို အိမ်ပေါ်ခေါ်တင်မှာ မဟုတ်ဘူး "
"အဲ့တော့လည်း အပြင်မှာ ဇယားတွေ ရှုပ်နေရောလေ ဦးရာ ဘာထူးလဲ "
ဦးလည်း ဘာမှ မပြောတော့ ။ ကားကိုသာ အာရုံစိုက်ပြီး မောင်းနေသည် ။
"ဦး "
"အင်း "
"ကျွန်တော့်ကို Guide လုပ်ပေးပါလား "
"ဟင် "
"ဦး စာရှင်းပြတာ ကျွန်တော် နားလည်တယ် "
"ဒါပေမယ့် "
" Please .... "
" အင်း ...ဒါဆို လခ က ငါကြိုက်တာ တောင်းဆိုမယ် မင်းလိုက်လျောပေးရမယ် ကျေနပ်လား "
ဦး စာသင်ပေးမည် ဆိုသောကြောင့် ဝမ်းသာသော်လည်း နောက်ဆက်တွဲ လခ ကိစ္စကြောင့် နည်းနည်းတော့ လန့်သည် ။
ပိုက်ဆံဆို ဘယ်လောက်ဖြစ်ဖြစ် ပေးနိုင်သောလည်း ဦးက ဘာတွေ တောင်းဆိုမည် မသိ ။"ဦး က မဖြစ်နိုင်တာတွေ လုပ်ခိုင်းရင်ရော "
"ငါ့ကိုယုံ ... "
"ပြီးရော ဘယ်နေ့တွေ သင်ပေးမှာလဲ "
"အချိန်ကတော့ အဆင်ပြေသလိုပေါ့ ဖုန်းဆက်ပြီး ညှိမယ် "
"ဒါဆို ဦး ဖုန်းနံပါတ်ပေး "
"မလိုအပ်ရင် မဆက်နဲ့ "
မဆက်ပါဘူး မက်ဆေ့ ပို့ရုံလောက်ပါ ဟု ဝိုင့် စိတ်ထဲ၌ တွေးရင်း ကြိတ်ပြုံး လိုက်သည် ။
"နေရာကရော "
"ဘားမှာတော့ အချိန်တိုင်းဆို အဆင်ပြေမယ် မထင်ဘူး "
"ကျွန်တော့်အိမ် ဆိုရင်ရော ? "
"အင်း ရတယ် "
YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚