Winner
Ep _ 41အပြန်ရောက်တော့ penchant ကို ဝင်ထိုင် ဖြစ်သည် ။ အိမ်ပြန်ချင်စိတ် မရှိသေး ။ ဂိမ်းဆော့ရမှာကိုလည်း ပျင်းနေသည် ။
ရုတ်တရက် H ဝင်လာတော့ လန့်သွားသည် ... နည်းနည်းလည်း ပျော်သွားသလိုလို ။ H က ကျွန်တော် ထိုင်နေသည့် ဝိုင်းကို လာထိုင်မလို့ ထင်သည် ။ ကျွန်တော် ဝမ်းသာ သွားသည်ကိုတော့ ဝန်ခံရမည် ။
သို့ပေမယ့် ကျွန်တော့် ဘေးကနေ ဖြတ်သွားပြီး ဘေးက ဝိုင်းကို ဝင်ထိုင်သည် ။ နေပါဦး ... အဲ့မှာ လူတစ်ယောက် ထိုင်နေတာကို ဘာလို့ ဝင်ထိုင်တာလဲ ?
"အစ်ကို တစ်ယောက်တည်းလား "
"ဟင် အင်း ဟုတ်တယ် "
"အစ်ကိုက စာရေးဆရာ မှိုင်းညှို့သွင် မဟုတ်လား "
"အာ ကျွန်တော့်ကို သိတာလား "
စာရေးဆရာ ? ကျွန်တော်ကတော့ ကာတွန်းတောင် မဖတ်တဲ့ သူမို့ မသိ ။ အင်းလေ H က စံပြ ကျောင်းသားဆိုတော့ သိမှာပေါ့ ... စာတွေဘာတွေလည်း ဖတ်တာကိုး ..။
နေပါဦး ငါက ဘာလို့ သူတို့ ပြောတာတွေ နားထောင်နေရတာလဲ ။
"အစ်ကို ကျွန်တော့်ကို မသိဘူးလား "
"ဟမ် ... ဟို ကျွန်တော်တို့ တွေ့ဖူးလို့လားဗျ "
"ဟာဗျာ အစ်ကိုကလည်း ရင်းရင်းနှီးနှီး ပြောပါ အစ်ကိုက ကျွန်တော့် စီနီယာလေ .. အစ်ကိုက Final က မဟုတ်လား "
"အယ် ဟုတ်တယ် "
"ကျွန်တော်က first year ကပါ အစ်ကို ...ပြီးတော့ အစ်ကို့ စာဖတ် ပရိသတ် တစ်ဦးဗျ ဟီးဟီး "
"အာ အဲ့လို ကြားရတော့ တစ်မျိုးကြီးပဲ ဟီး ဖတ်ပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ .. အစ်ကိုက အခုမှ ကြိုးစားနေဆဲပါ "
"အစ်ကိုက ပွဲတွေ ဘာတွေ သိပ်မလာဘူးနော် ... ကျွန်တော်က အစ်ကို့နဲ့ ခင်ချင်နေတာကို "
"ဟုတ်တယ် အစ်ကိုက များသောအားဖြင့် မလာဖြစ်တာ များတယ် "
သူ့ဘာသူနေတဲ့ စီနီယာကို အတင်းတွေ သွားပြီး နှုတ်ဆက်နေတယ် ... ဟိုကဖြင့် သူ့လဲ မသိဘဲနဲ့ကို ။ ရုပ်ကလည်း ခုတော့ ဖြီးနေတာပဲ ။

YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚