Winner
Ep _ 33အနိုင်ရရှိသူများကို ကြေငြာပြီးမှ ဝဏ္ဏ တို့နှင့် တွေ့ရသည် ။ သေချာ ပြင်ဆင်လာသည်က တစ်ကြောင်း ... နဂို ချောမောသည်က တစ်ကြောင်းကြောင့် သူတို့ အတွဲသည် ပရိသတ် အားပေးမှုကို တခဲနက် ရရှိခဲ့လေသည် ။
စီနီယာအစ်မများသည်လည်း အခုမှ တပြုံးပြုံးဖြင့် ပီတိဖြာနေနိုင်တော့သည် ။
မိတ်ကပ်တွေ ဖျက်ပြီး အင်္ကျီလဲဝတ်ကာ ပြန်ထွက်လာသော ဝဏ္ဏကြောင့် နည်းနည်းတော့ စိတ်ညစ်သွားသည် ။"ဘာလို့ အင်္ကျီလဲလိုက်တာလဲ အချောလေး"
"တော်စမ်း ငါနားရင်းအုပ်လိုက်ရ ! "
"ငါမင်းနဲ့ ဓာတ်ပုံရိုက်မလို့ပါဆို "
"သေလိုက် "
"မင်းတကယ်ကို တအားလှ ...လှ "
စကားတောင် ဆုံးအောင် မပြောရဲ ။ ဝဏ္ဏ အနောက်မှ မျက်ထောင့်နီကြီးဖြင့် ကြောက်စရာကောင်းအောင် စိုက်ကြည့်နေသော H ပုံစံက လန့်စရာ ။
"အဟမ်း ထားပါ ငါပြန်တော့မယ် "
"ဒီနေ့ လာအားပေးတာ ကျေးဇူးပဲ "
ဝိုင် ဝဏ္ဏ အနားကို တိုးကပ်ပြီး ဝဏ္ဏ ကြားနိုင်ရုံလောက် လေသံတိုးတိုးဖြင့် နောက်လိုက်သည် ။
"အေး လိုက်မပို့တော့ဘူးနော် မင်းကောင်လေး လိုက်ပို့မှာ မဟုတ်လား "
ဝဏ္ဏ တစ်ယောက် မျက်နှာကြးနီပြီး ဆဲနည်းပေါင်းစုံ အော်ဆဲကာ ကျန်ခဲ့လေသည် ။
"^@(×¥÷$&#&@(@)#: "
》》》》》》》》
ဝိုင် အိမ်ရောက်တော့ အိပ်ယာပေါ် ခြေပစ်လက်ပစ် လှဲချလိုက်သည် ။ စင်အောက်မှာ ရပ်ပြီး အားပေး လိုက်ရသဖြင့် အတော်လေး ပင်ပန်းသွားပြီ ဖြစ်သည် ။ ရေတောင် မချိုးနိုင်တော့ဘဲ အိပ်ပျော်သွားလေသည် ။
"တင်းတောင် "
"တင်းတောင် တင်းတောင် တင်းတောင် "
လူခေါ်ဘဲလ်သံကြောင့် မထချင်ထချင် ထကာ အိပ်ချင်မူးတူးဖြင့် ဒယိမ်းဒယိုင် လျှောက်သွားလိုက်သည် ။ တံခါးရှေ့မှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ပြုံးမိသည် ။

YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚