Winner
Ep _ 34"အန်တီ ဟိုအကောင်ရော "
"မထသေးဘူး သားရေ "
"ဘာချက်လဲ "
"ခရမ်းချဉ်သီး ငပိချက် ချဉ်ပေါင်ဟင်း ကြက်သားကြော် "
"ဗိုက်တောင်ဆာလာပြီ ဟီးဟီး "
"အမလေး ကျက်ပါပြီရှင် စားချင်ရင် ခူးသာ စားတော့ အန်တီ အပြင်သွားလိုက်ဦးမယ် "
"ဟုတ်ကဲ့ "
ဝိုင် တစ်ယောက် ဝဏ္ဏ ကို ဖုန်းဆက်တော့ မကိုင်သည်နှင့် အိမ်လိုက်လာရခြင်း ။ ဖြစ်စဉ်ကတော့ ရိုးရှင်းသည် ... ဒီအခြေအနေဆို ဝဏ္ဏဆိုတဲ့ကောင် ကျောင်းမတက်တော့ဘူး ဆိုတာ သဘောပေါက်ပြီးသား ။
ဝဏ္ဏတောင် မတက်တာ ကျွန်တော်က ကြောင်တောင်တောင်နဲ့ ကျောင်းသွားစရာလား ? နိုးပါ ... သူငယ်ချင်းကို သစ္စာ မဖောက်နိုင် ။ သို့ပေမယ့် အိမ်မှာနေရင်လည်း တည်ဦးဝေ ဆိုတဲ့ ဦးလေးကြီးက အတင်းကျောင်းသွား ခိုင်းရင် ဒုက္ခ ။
"ဝဏ္ဏ မင်းယောက်ဖ လာတယ် "
သကောင့်သားက ကြားဟန်မရှိ ။ လှုပ်တောင် မလှုပ် မသိရင် သေနေသည့် အတိုင်း ။ ဒီကောင်ကို နှိုးလည်း ဒီအချိန်ဆို ထမည်မဟုတ် ။ ကမ္ဘာပျက်ရင်တောင် ခဏလေး ... ၅ မိနစ်လောက် အိပ်ပါရစေ စောင့်ပါဦး ဆိုပြီး ပြန်အိပ်မယ့် ကောင်မျိုး ။
"တီတီ "
Message ဝင်လာလို့ contact name ကြည့်လိုက်တော့ ...
" ဦးဝေ ❤ "
ပြုံးလိုက်ပြီး ဘာများပြောထားလဲလို့ ရင်ခုန်စွာဖြင့် ဖတ်ကြည့်လိုက်သည် ။
"ဘယ်မှာလဲ "
ဝိုင် စိတ်ပျက်လက်ပျက်ဖြင့် စာပြန်လိုက်ရသည် ။ ဦး ဆိုသည့် လူမျိူးသည်လည်း နည်းနည်းလေးမှ မရိုတတ် ။ " ဝိုင်လေး နိုးပြီလား " တို့ " Morning ကလေး " တို့ ဆိုတာ မျှော်လင့်လို့ကို မရ ။ တုံးတိတွေသာ ပို့သည်လေ ။
"ကျောင်းမှာ "
"ကျောင်းပုံ ပို့လိုက် "
ဝိုင် ရယ်မောရင်း Gallery ထဲမှ အချောဆုံး ဝိုင့် ပုံတစ်ပုံကို ရွေး ပို့လိုက်သည် ။ စာသင်ခန်းထဲတွင် ရိုက်ထားသည့် ပုံတွေက ဝိုင့်မှာ ပေါလွန်းလို့ ။ ဝိုင် က ဦး ထက် လည်ပြီးသား ။

KAMU SEDANG MEMBACA
Winner ?
RomansaCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚