43.

6.9K 520 0
                                    

Winner
Ep _ 43

အတန်းထဲတွင် ဝဏ္ဏ တစ်ယောက် ငူငူငိုင်ငိုင်ဖြင့် ထိုင်နေသည် ။ စားပွဲပေါ် မှောက်အိပ်နေရင်း အတွေးတွေက စုံနေပြီ ။

ဒီနေ့နဲ့ဆို အဖြူကောင် ကျောင်း မတက်တာ ၃ ရက် ရှိပြီ ။ နေမကောင်းတာ တော်တော်များ အခြေအနေ ဆိုးနေလား မသိ ။ ဆေးရုံတွေ ဘာတွေ မသွားဘူးလား ? ဒီအရွယ်ကြီး ရောက်နေပြီ ကိုယ့်ကိုယ်ကို ဂရုစိုက်မှပေါ့ ။ 

သူ့လို စံပြ ကျောင်းသားက ကျောင်းပျက်တာ ရှားသည် ။ အထူးသဖြင့် အတန်းချိန်တွေဆို အပြည့် တက်သည် ။ tuto ဆိုတာ တစ်ခါမှ မပျက်ဖူးဘူး ။ ကျွန်တော့်ကိုတောင် ဆရာတစ်ယောက်လို စာရှင်းပြနိုင်သည်လေ ။

"အာ ... ငါသူ့အကြောင်း တွေးမိနေပြန်ပြီ "

မတွေ့ရတောမှ ဒင်းအကြောင်းတွေက ခဏခဏ ခေါင်းထဲ ရောက်လာသည် ။ ဒီလို လွှမ်းမိုးချင်လို့ တမင်တကာ ဘေးကနေ တစ်ချိန်လုံး တွယ်ကပ် နေခဲ့သည်လား ။

မီးစိမ်းနေသော acc ကို ကြည့်ရင်း မေးလိုက်ရမလား စဉ်းစားနေမိသည် ။ မေးလည်း မမေးချင် ။ စိတ်ရှုပ်လာသည်နှင့် data off လိုက်သည် ။

ဒီ ၃ ရက် အတွင်း ဒင်း အိမ်အောက်ကို သွားဖြစ်သည်ကလည်း မရေမတွက် နိုင်အောင် ။ အိမ်ပေါ်လည်း မတက်ချင် ။

"သေပြီလား မသိဘူး .... သေရင်လည်း သေကြောင်းလေးတော့ သတင်း ပို့သင့်ပါတယ် "

ဆရာမ ဝင်လာလို့ ဖုန်းကို သိမ်းပြီး စာအုပ်တွေ လွယ်အိတ်ထဲ ထည့်လိုက်သည် ။

"ဒီနေ့ tuto မဖြေဖြစ်တော့ဘူး "

"ရေးးးး "

"Yes ! "

"ပျော်လိုက်တာ "

"တော်သေးတယ် ငါ စာကျက်မထားလို့ "

တီချယ်ကတော့ အတန်းထဲက ကလေးတွေရဲ့ မျိုးစုံသော အသံတွေကို နားမခံသာဖြစ်ပြီး မျက်မှောင်ကြုံ့ကာ ထွက်သွားလေသည် ။

"ဟဲ့ သူက မော်ဒယ် ဝတ်လွှာ မဟုတ်လား "

"ဝါး လှလိုက်တာ သူက ဘာလာလုပ်တာလဲ မသိဘူးနော် "

"ချောလိုက်တာ ဝတ်လွှာက "

"အပြင်မှာ ပိုချောတယ်ဟ "

Winner ? Tempat cerita menjadi hidup. Temukan sekarang