Winner
Ep _ 23"အမေ သားဗိုက်ဆာတယ် "
"ခဏစောင့်ဦး သား အမေ ထမင်းကြော်ပေးမယ် ဟုတ်ပြီလား "
"ဟုတ် သားဘာကူလုပ်ပေးရမလဲ "
"အမလေး လိမ္မာလိုက်တာ ရပါတယ် သားရယ် ထိုင်နေပါ "
"အမေ ပင်ပန်းနေမှာစိုးလို့ "
"သိတတ်လိုက်တာ ငါ့သားလေးက "
အသံများ ဆူညံနေသောကြောင့် အိပ်ချင်မူးတူးဖြင့် ထထိုင်လိုက်သည် ။
"အမေ ? သား ? မဟုတ်သေးပါဘူး ငါက အိပ်နေတာကို အမေ ဘယ်သူနဲ့ ပြောနေတာလဲ အမေ့မှာ သားက ၁ ယောက်တည်း ရှိတာလေ "
ဝဏ္ဏ အခန်းထဲက ဝရုန်းသုန်းကား ထွက်ပြီး
ကြည့်လိုက်တော့ မီးဖိုခန်း စားပွဲတွင် မိန့်မိန့်ကြီး ထိုင်နေသူက ..."အဖြူကောင် !! "
H က အင်မတန်ဖြူစင်သော အပြုံးဖြင့် ပြုံးပြပြီး ...
"သူငယ်ချင်းလေး နိုးပြီလား ငါအဖြူ မဝတ်တော့ဘူးလေ ဝဏ္ဏရာ "
တကယ်ပင် အစိမ်းနုရောင် တီရှပ်ကို ဝတ်ထားပြီ ဒူးလောက် ဘောင်းဘီတိုဖြင့် ။
ဆံပင်တွေက ဂျယ်လ်ဖြင့် မသိမ်းထားသဖြင့် နဖူးပေါ်သို့ ခပ်ဖွာဖွာလေး ဝဲကျနေသည် ။"အမေ သား ဝဏ္ဏကို စာသင်ပေးလိုက်ဦးမယ် "
စာသင်ပေးမယ် ! စာရှင်းပြမည်ဟု ပြောရင် တော်ရောပေါ့ ။
"အေးအေး သား သွားသွား လိုတာရှိရင် ပြောနော် "
"ဟုတ်ကဲ့ "
H က မသိရင် သူ့အိမ်အလား ခပ်တည်တည်ဖြင့် ကျွန်တော့် အခန်းထဲ ဝင်သွားလေသည် ။
"အမေ အဲ့အကောင် ဘာလို့ ... "
"ဟဲ့ နင်ငါ့သားလေးကို အကောင်လို့ သုံးလိုက်တာလား ! ရိုင်းလိုက်တာ သွား ရေအရင် သွားချိုးစမ်း "
"အမေကလည်း "
"မျက်နှာသစ်ပြီးမှ ငါနဲ့ စကားဆက်ပြော ဒါဘဲ "
ဝဏ္ဏ အမေမမြင်အောင် နှုတ်ခမ်းစူပြီး ခြေကို ဆောင့်လိုက်ကာ အခန်းထဲ ပြန်ဝင်ဖို့ ပြင်လိုက်တော့ ... H က အခန်းပေါက်ဝမှာ မျက်လုံးပြူးပြီး ကြောင်ကြည့်နေသည် ။

أنت تقرأ
Winner ?
عاطفيةCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚