30.

6.3K 514 7
                                    

Winner
Ep _ 30

"ကျွန်တော် ဦး ကို တကယ်ချစ်တာ "

အဆီအငေါ်မတည့်စွာ ဖြေလိုက်သည့် ဝိုင့်  စကား တစ်ခုက ကျွန်တော့်ရင်ကို ကြီးမားစွာ လှုပ်ခတ်စေသည် ။

အသက်အရွယ် ကွာခြားချက်... လိင်တူချင်း အချစ် .... စတာတွေကို ထည့်မတွက် နိုင်တော့လောက်အောင် ရင်ခုန်သံတွေက ထိန်းမရ ။

ဆယ်ကျော်သက် အရွယ်ကပင် တစ်ခါမှ မခုန်ခဲ့ဖူးသော ရင်ခုန်သံများက တည်ငြိမ်သော ကျွန်တော့် image နှင့် ဆန့်ကျင်နေသည် ။

တမင် ကစားနေတာ ဆိုပြီး ဦးနှောက်က အသိပေးနေသော်လည်း နှလုံးသားကမူ
ဒီကလေးငယ်သာ ကစားလိုပါက ကျေကျေနပ်နပ်ကြီး ကစားခံကာ နှလုံးသား တစ်ခုလုံးကို ရက်ရက်ရောရော ပေးလိုက်မည်ဟု ကြွေးကြော်နေသည် ။

ကိုယ့်အသက်အရွယ်ကိုမှ အားမနာ ကလေး တစ်ယောက်အပေါ်  မြတ်နိုးနေမိသည်ကို ရှက်ရွံ့စွာ နှလုံးသားကို သိက္ခာဖြင့် ထိန်းချုပ်ရသည် ။

"လာ ထမင်းသွားစားမယ် "

ဦး နည်းနည်း စိတ်ပြေသွားသည်မို့ ပျော်နေမိသည် ။

"ကျွန်တော့်ကို တကယ် အယုံအကြည် မရှိတော့ဘူးလား "

"မရှိဘူး "

"ဟာဗျာ ရက်စက်လိုက်တာ "

မီးဖိုခန်းရောက်တော့လည်း ထမင်းဟင်း ခူးခပ်သည့် ကိစ္စကိုလည်း ဦး သည်သာ တာဝန်ယူသည် ။ မသိရင် ဦး ရဲ့ အိမ်လိုလို ။

"ပြီးရင် ငါပြန်တော့မယ် "

စားနေရင်း ရုတ်တရက် ဦး က ပြန်တော့မည် ဆိုတော့ သီးသွားသည် ။ ဦးကတော့ ဘာမှ မပြော ။ ရေခွက်ထဲကို ရေထည့်ပေးပြီး ကျွန်တော့် ရှေ့သို့ တိုးပေးသည် ။

"အစောကြီး ဘာလို့ ပြန်မှာလဲ "

"ငါရှင်းပြထားတဲ့ စာ ၂ ပုဒ် ကျက်ထား "

"ကျွန်တော် ဦး ကို လွမ်းနေတော့မှာ "

"ရရင် အလွတ်ချရေးထား "

"ဦး ရော ကျွန်တော့်ကို မလွမ်းဘူးလား "

"မနက်ဖြန် ကျောင်းဖွင့်တယ်ဆိုတော့ ငါလာမယ့် အချိန် ဖုန်းဆက်လိုက်မယ် "

Winner ? Where stories live. Discover now