Ep _ 2

24.2K 1K 48
                                    

Winner ?
Ep _ 2

ညဖက် အခန်းထဲတွင် ခပ်အေးအေး သီချင်းတစ်ပုဒ်ကို ဖွင့်ထားရင် ဝိုင် တစ်ယောက် ကုတင်ပေါ်တွင် လှဲအိပ်နေသည် ။ လက်က Note Book ကို သေချာစိုက်ကြည့်ပြီး မျက်မှောင် ကြုံ့လိုက်သည် ။

"ဘာ data မှလည်း တိတိကျကျမရှိနဲ့ ဝဏ္ဏ ဆိုတဲ့ကောင် အသုံးကို မကျဘူး "

စာရွက်ပေါ်တွင် ရှိနေသော fact များက အရင် target တွေထက်စာရင် နည်းလွန်းသည် ။

               Profile No. (37)
       ♧♧♧♧♧♧♧♧♧♧♧

Name _ Min Nyan Hein
Social Media _ Nothing
Age _ 18
Ph. No. _ Nothing
Date of Birth _ Nothing
Address _ Nothing

Nothing တွေနဲ့ ပြည့်နေသော အင်မတန် သတင်းအချက်အလက် ပြည့်စုံခိုင်မာသည့် target ရဲ့ profile ဖြစ်သည် ။ ဝိုင် သိချင်တာ ဒါတွေမှ မဟုတ်တာ ။ ပုံမှန်ဆို ဒါတွေက fb acc ရှာတွေ့တာနဲ့ auto သိနိုင်သည့် အချက်တွေလေ ။

ထားပါ ခုဟာက fb acc ရှာမရလို့ ။
ဒါကလည်း ဝဏ္ဏ အသုံးမကျလို့ပါ ...ကျွန်တော် ရအောင်စုံစမ်းနိုင်သည် ။ အရင် 36 ယောက်တုန်းကဆို major မပြောနဲ့ ကျောင်းတောင် မတူခဲ့ ။

တကယ်တမ်း လိုအပ်တာတွေက ...ဘာကြိုက်တတ်တယ် ...ဘယ်သွားတတ်တယ် ...ဘာဝါသနာပါတယ် ...ဒါမျိုးတွေ ။

ဒီတစ်ခါ target ကတော့ လွယ်မည့်ပုံမပေါ် ... ပိုဆိုးတာက ယောက်ျားလေး ။ သက်ပြင်းချရင်း note book ကို ပိတ်လိုက်သည် ။

" သူ့အကြောင်းသိရဖို့ ၁ ပတ်လောက်တော့ အချိန်ယူရဦးမှာဘဲ "

အရင် Queen တွေ လိုက်တုန်းကတောင် ဒီလောက် အလုပ်မရှုပ် ။ ကျွန်တော့်ရဲ့ ခပ်ချောချော မျက်နှာလေးကို ကြွေဆင်း သွားကြသည်မို့ ဘာမှတောင် သိပ်မလှုပ်ရှားလိုက်ရ ။

ခုကတော့ ရုပ်ရည်နဲ့ သိပ်မဆိုင်တော့ဘူး ။

ရင်ခုန်လာအောင် ကြားဖူးနားဝ ရှိသည့် ပညာကုန် ထုတ်သုံးရတော့မည် ။

》》》》》》》》

"ဟန်လေး ရောက်နေတာကြာပြီလား "

"အေး "

"ဘာစားပြီးပြီလဲ "

"မသိဘူး ဝဏ္ဏရာ ငြိမ်ငြိမ်လေး ခဏနေပေး ငါစိတ်ရှုပ်နေတယ် "

Winner ? Where stories live. Discover now