Winner ?
Ep _ 6"အဲ့ဒီတော့ သူကမင်းကို ကြိုက်နေတာပေါ့"
"Yeah ! "
"ဟင် ဒါက ဘယ်လိုကြီးလဲ "
"မင်း ဟန်လေးကို တစ်သက်လုံး သူပြန်ကြိုက်မှာ မဟုတ်ဘူး ဒီတော့ game ကို ဒီမှာတင်ရပ်မယ် "
ဟုတ်တယ် ...ရပ်ချင်ပြီလေ ။ ကျွန်တော်လို straight စစ်စစ်က ယောက်ျားလေး တစ်ယောက်ကို လိုက်ရသည်ဆိုကတည်းက တော်တော်လေး စိတ်ကုန်နေပြီ ။
"ဒါဆို ဟာဝိုင်ရီက ? "
"ထားတာ့ လျှော်လိုက်တော့ သူက အစကတည်းက ငါ့ကို ကြိုက်နေတာ ဆိုတော့ ငါလိုက်လို့မှ မဟုတ်တာ "
"ဒါဆို game တွေက "
"သေချာပေါက် ဆက်ကစားနေဦးမှာ ဒီတစ်ခါတော့ ကောင်မလေး ချောချောလေးကိုဘဲ target အဖြစ် ရွေးမှာ"
ဝိုင့် ကို မနိုင်ဘူး ဆိုသည့် အကြည့်ဖြင့် ကြည့်ရင်း ဝဏ္ဏ ခေါင်းခါနေသည် ။
"တီ ... တီ "
ဝိုင့် ဖုန်းက မက်ဆေ့သံကြောင့် ဖွင့်ကြည့်လိုက်တော့ state ကျောင်းတုန်းက ဝိုင့် သူငယ်ချင်း ။
"ဟေ့ကောင် ဝိုင် လိုင်းပေါ်တတ်ခဲ့ Game ဆော့မယ် "
ဝိုင့် မျက်နှာ ချက်ချင်းပြုံးသွားပြီး လိုင်းဖွင့်လိုက်သည်နှင့် ပုံ ၂ ပုံ ပို့ထားသည် ။
တစ်ပုံက ခပ်လန်းလန်း ကောင်မလေး တစ်ယောက် ။ နောက်တစ်ပုံက သူမနဲ့ ပတ်သက်သည့် အချက်အလက် အပြည့်အစုံ ။ စာလည်း ပို့ထားသေးသည် ။"ဝိုင် ! အဲ့စော်ကို ရအောင်လိုက်ပေး ...ငါ့ကို ၂ ပတ်တွဲပြီး အသည်းခွဲသွားတယ်ကွာ ..ငါ့မှာတော့ ချစ်ရလိုက်ရတာ ...ထားပါ လောင်းကြေးက မင်းကြိုက်တာပြော မင်းရှုံးရင် မင်းညီမလေးနဲ့ ပေးတွေ့ပေးရမယ် ဒါဘဲ "
ကြေးက ကြီးလွန်းသည် ။ ကျွန်တော့် ညီမလေးကို ချစ်လွန်းလို့ စောင်သူငယ်ချင်း bff ဆိုတာတွေနဲ့ ဝေးရာမှာ ဖွက်ထားရသည် ။ ကျွန်တော့်လို ကောင်မျိုးနဲ့ တွေ့သွားမှာ စိုးရိမ်တာလည်း ပါသည် ။
မောင်နှမ ၂ ယောက်တည်း ရှိသည်မို့ ကျွန်တော့် ညီမလေးကိုတော့ တော်တော်ချစ်သည် ။ သူငယ်ချင်းတွေနဲ့ ပေးမတွေ့နိုင် ။
YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚