18.

6.3K 558 1
                                    

Winner
Ep _ 18

ဝိုင် စာသင်ခန်းထဲ ရောက်တော့ ဆရာမ မဝင်သေး ။ အနောက်ဆုံးတန်းမှာ ဝင်ထိုင်ပြီး ခဏ အိပ်နေလိုက်သည် ။ ညက အမူးက သိပ်မပြေချင်သေး ။

မနေ့ညက ဦး ဆိုင်က ဝိုင်က နှစ်ချို့ဝိုင် ထင်သည် ။ အတော်လေး ဈေးကြီးလောက်သည့် ပုလင်းကို ဝိုင် ယူသောက်လိုက်သော်လည်း ဘာမှမပြော ။
ဝိုင် အကြောင်း စဉ်းစားရင်း ဦး ကို တွေးမိသွားသည် ။

ဦးအကြောင်း တွေးမိသည်နှင့် ဦး ကို တွေ့ချင်လာသည် ။ ဘာမှတော့ မဆိုင် ... ဆိုင်ဆိုင် မဆိုင်ဆိုင် တွေ့ချင်သည် ။ ဦး နဲ့ ပိုပြီး ရင်းနှီးချင်သည် ။ ဘာကြောင့်လဲ လို့တော့ မတွေးချင် ... မတွေးချင်သေး ။

ခုထိ နူးညံ့နေသော ဦးရဲ့ နှုတ်ခမ်းက အိပ်မက်တွေထဲထိ ပါလာတတ်သည်မို့ ...
ဘာဆို ဘာကိုမှ မတွေးချင် ။ အိပ်တော့မည် ကြံကာမှ မက်ဆေ့ ဝင်လာသည် ။

"ဝိုင် Game တစ်ခု ကစားရအောင် "

"ငါစိတ်မပါသေးဘူး "

"ဒီတစ်ခါက target က အလန်းနော် "

"နောက်မှ .."

"နိုင်ရင် မင်းကြိုက်တဲ့ လောင်းကြေးပြော "

"ငါမလုပ်ဘူး ပြောနေတယ် ! ဒါဘဲ "

တခြားကျောင်းက ဝိုင့်သူငယ်ချင်းက မက်ဆေ့တွေ ဆက်တိုက် ဆက်ပြီး ပို့နေသည် ။ သို့ပေမယ့် ဝိုင် စိတ်မပါ ။

Game တွေ ဆော့နေရတာ ပျော်ဖို့ မကောင်းတော့ ။ ကောင်မလေးတွေနဲ့ ချစ်စကား ကြိုက်စကားတွေ ပြောရတာ ပြောချင်စိတ် မရှိတော့ ။

ဘယ်မိန်းကလေးနဲ့မှလည်း မတွေ့ချင် ။ ဘာလောင်းကြေးမှလည်း စိတ်မဝင်စားတော့ ။ တစ်သက်လုံး ပျော်ဖို့ ကောင်းသည်ဟု ထင်လာသည့် အရာများကို အခု ဘာလို့ ဒီလောက် စိတ်ကုန်နေမိသည်လဲ ...။

"ဆရာမ ဝင်တာတောင် အိပ်နေရသလား "

ဝဏ္ဏ အသံကြားတော့မှ အိပ်နေရာက  ခေါင်း မော့လိုက်သည် ။ တကယ်တမ်း အိပ်ပျော်သည်တော့ မဟုတ် .... တွေးစရာတွေ များလွန်းလို့ ... ထူးဆန်းတာတွေ များလွန်းလို့ ဝိုင် ရူးချင်နေသည် ။

Winner ? Where stories live. Discover now