Winner
Ep _ 12"ဝိုင် ? "
ကောင်မလေး တစ်ယောက်နဲ့ ဘားထဲမှာ ပွေ့ဖက်ပြီး Love scene ရိုက်နေသည် ။
ကျွန်တော့် အသံကြားတော့မှ အလန့်တကြား ဖယ်လိုက်ပြီး မော့ကြည့်လေသည် ။"ဦး ! "
"ချစ်သူထင်တယ် ... အချောလေးပါလား .. နှစ်ယောက်သား လိုက်ဖက်ပါတယ် "
"ဟို ....ကျွန်တော်တို့က "
"ဟဟ ငါနားလည်ပါတယ် "
ချစ်သူမဟုတ်ပါဘူးဟု ငြင်းလိုက်ချင်မိသည် ။
ဘာလို့မှန်း မသိပေမယ့် အဲ့ဦးလေးကြီး အထင်လွဲသွားမှာကို မလိုလား ။သို့ပေမယ့် .... တကယ်တမ်းလည်း လက်ရှိမှာ ချစ်သူ ဖြစ်နေတော့ ....။
"ခုနက ဦးကို ရှာသေးတယ် မတွေ့ဘူး "
"ငါအလုပ်ကိစ္စ ရှိသေးလို့ ဆိုင်ကို လာတာ နောက်ကျနေတာ နေပါဦး မင်းက ဒီလောက် အစောကြီး ? "
"ဟို ... သူ့ကို လာတွေ့တာ "
"ဩော် ..."
ပြန်လည် တိတ်ဆိတ်သွားကြသည် ။
"ဒါဆို အေးဆေး ချိန်းတွေ့ကြလေ ငါ ရုံးခန်းထဲ သွားတော့မယ် "
"ဟုတ်ကဲ့ "
အပေါ်ထပ်သို့ တတ်သွားသော ကျောပြင်ကို ငေးကြည့်ရင် စိတ်ထဲ လေးလံလာမိသည် ။
ဘာလို့ပါလိမ့် ????
》》》》》》》
ရီဟာဇယ် လုပ်ရမယ်ဆိုပြီး ဟောခန်းမ မှာ ထိုင်စောင့်နေရတာ ညနေ ၄ နာရီပင် ထိုးနေပြီ ။ ခုချိန်ထိ တခြားအဖွဲ့တွေ မပြီးသေး ။
"မင်းက ပဲနို့ ကြိုက်တယ်လား ခွီး "
"ပဲနို့ ကြိုက်တာဘဲ ဆန်းလား "
"မိန်းကလေးနဲ့တူတယ် "
"ဘာ ! ပဲနို့ကြိုက်တာနဲ့ မိန်းကလေးနဲ့ တူသွားရောလား သေလိုက်လေ "
ရိုးရိုးထိုင်စောင့်နေရတာ အကြောင်းမဟုတ် ... ဘေးနားမှ တစ်ချိန်လုံး တစ်မျိုးပြီး တစ်မျိုး ရန်ရှာနေသော ဟိုကင်းကောင် ရှိနေသည်က ပြသနာ ။
ဗိုက်ဆာလို့ ပါလာသည့် ပဲနို့ဗူးလေး ထုတ်သောက်မိပါသည် နေရင်းထိုင်ရင်း gender ပြောင်းသွားရသည့် အဖြစ် ။
YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚