9.

8.2K 678 17
                                    

Winner ?
Ep _ 9

"ဒယ်ဒီ ကျွန်တော် ခေါင်မူးလို့ ခဏလောက် အပြင်ထွက်ဦးမယ် "

ဘာမှ မသောက်ရသေးပါဘဲ ခေါင်းတွေ မူးလာသည် ။ ဒယ်ဒီ့ရဲ့ စီးပွားရေ ပါတနာတွေနဲ့ အလုပ်ကိစ္စတွေကိုသာ နားထောင်နေရတာ မသောက်ဘဲ မူးစေသည်လေ ။

"ပြန်သွားရင် ကားသော့ ပြန်သိမ်းမှာနော် ဝိုင် ငါမင်းကို ငါ့သူငယ်ချင်း သမီးနဲ့ မိတ်ဆက်ပေးရဦးမှာ "

ဒီကြားထဲ ထိုကဲ့သို့ ဒယ်ဒီ့ အသိမိတ်ဆွေတွေရဲ့ သမီးတော်တွေနဲ့လည်း မိတ်ဆက်ပေးခြင်းကို ခံရသေးသည် ။

"ဟုတ်ကဲ့ "

ခပ်ပြင်းပြင်း ဝိုင် ကို တစ်ပုလင်းနီးပါး သောက်ပြီးမှ ပါတီခန်းမထဲက ထွက်လာလိုက်သည် ။ ယိုင်တိုင် ယိုင်တိုင်ဖြင့် လှေကားကနေ ဆင်းလာရင်း ခြေချော်ကျသည် ။

"အား "

သို့ပေမယ့် ရုတ်တရက် လက်ကြီးကြီးတွေရဲ့ လှမ်းဖမ်းခြင်းကို ခံလိုက်ရပြန်သည် ။

"ဘုန်း "

"အ "

ဖမ်းပေးလိုက်သည့် လူ၏ ကျေးဇူးဖြင့် အောက်သို့ လိမ့်မကျသော်လည်း  ဆွဲလှည့်လိုက်တာ အရှိန်လွန်ပြီး လှေကားပေါ်မှာ ထပ်လျက် ပစ်ကျသည် ။

"ဟေး ငါ့အပေါ်က ဖယ်ဦး "

ခပ်ဩဩအသံကြားမှ မူးနေသည့်ကြားက မျက်လုံးဖွင့်ကြည့်လိုက်တော့ ..

"ဟိုလူကြီး ! "

ကျွန်တော် အမူးမပြေသေးဘဲ မြင်ချင်ရာတွေ မြင်နေတာလား ???

"ဝိုင် ..? မင်းကဘယ်လိုလုပ်ပြီး ..."

ကျွန်တော့်အပေါ်မှာ ပိနေသည့် ကိုယ်တော်ချောက တခြားသူ မဟုတ် ... မျက်နှာလေးတွေ နီရဲနေပြီး အူကြောင်ကြောင်နဲ့ မျက်လုံးလေး ပြူးကာ ကြည့်နေသည့် ဝိုင် ။

"အာ ဆောရီး "

ဝိုင် ကမမ်းကတမ်း ထရပ်လိုက်ပေမယ့် သူ့အင်္ကျီက ကြယ်သီးနဲ့ ကျွန်တော့် အင်္ကျီနဲ့ ငြိနေသည် ။ အရှိန်နဲ့ ထရပ်လိုက်တော့ ငြိနေတာက ပြန်ဆောင့်ဆွဲသလို ဖြစ်ပြီး ဝုန်းကနဲ ပြန်ပြုတ်ကျသည် ။

Winner ? Where stories live. Discover now