Winner
Ep _ 17"ဟန်လေး ခုတလော နင့် crush နဲ့ ဝဏ္ဏ တအားတွဲနေသလိုဘဲ "
"အင်း ပန်းစွယ်တော်နေ့ အတွက် စီနီယာ အစ်မကြီးတွေက သူတို့ကို ရွေးထားတာ ဆိုတော့ ခင်သွားတာနေမှာ "
"မထူးဆန်းဘူးလား "
"ဘာကိုလဲဟာ "
မင်းဥာဏ်ဟိန်း မရောက်သေးလို့ စိတ်တိုနေရသည့် ကြားထဲ သူငယ်ချင်းတွေက ခေါင်းလာစားနေသည် ။
ဟန်လေးမှာ သူ့ကို ငေးကြည့်ရုံသာ တတ်နိုင်သည်လေ .... အဲ့တာကိုမှ ငေးကြည့်ခွင့်ပင် မရသည့် အချိန်များတွင် စိတ်က အလိုလို မကြည် ။"နင်စဉ်းစားကြည့်လေဟယ် ဝဏ္ဏက နင့်ကို ချစ်နေတာလေ နင်က မင်းဥာဏ်ဟိန်းကို ချစ်နေတာ အဲ့တာကို သူက သူ့ပြိုင်ဖက်နဲ့ ပေါင်းနေတယ်ဆိုတော့ မဖြစ်သင့်ဘူးလေ တကယ်ဆို မုန်းနေရမှာလေ "
"ကျစ် ! သူ့ဘာသာ ဘယ်သူနဲ့ ပေါင်းပေါင်း ငါနဲ့မဆိုင်ဘူး ပြီးတော့ ချစ်နေတယ်လို့ မသုံးစမ်းနဲ့ ဝဏ္ဏအကြောင်းလဲ သိရဲ့သားနဲ့ သူကြိုက်တယ်ဆိုပြီး လိုက်ရင် ဘယ်လောက်များ ကြာလို့လဲ ပြီးရင် နောက်တစ်ယောက် ပြောင်းတာဘဲကို "
"ဒါပေမယ့်လည်း ဟန်လေးရယ် "
"တော်ဟာ နားငြီးတယ် ဘာတွေ လာပြောနေတာလဲ "
"ငါက ထူးဆန်းလို့ပါ "
မျက်စောင်းသာ ထိုးပစ်ပြီး ကန်တင်း အဝင်ဝကိုသာ ငေးကြည့်နေမိသည် ။ စောင့်မျှော်နေသည်ဆိုလျှင် ပိုမှန်လေမလား .... ။
ရုတ်တရက် ကန်တင်းထဲ ဝင်လာသော မင်းဥာဏ်ဟိန်းကြောင့် ဟန်လေးပင် လန့်သွားသည် ။ လန့်သွားသည် ဆိုတာလည်း တခြားကြောင့်တော့ မဟုတ် ။
အင်္ကျီအရောင်ကြောင့်ပင် ။သူက အဖြူရောင်ကိုသာ အမြဲဝတ်သည် ။
ဒါလည်း တက္ကသိုလ်ရောက်မှ မဟုတ် ... ကျောင်းကတည်းက ... ကျုရှင်မှာ တွေ့ရင်လည်း အဖြူရောင် တစ်မျိုးတည်းသာ ဝတ်လို့ ဟန်လေးပင် "နတ်သား" များလားဟု အူကြောင်ကြောင်ဖြင့် တွေးမိသေးသည် ။"အံမယ် အံမယ် ငါတို့ King က အရောင်တွေ ဘာတွေ ပြောင်းလို့ "
"အင်း "
YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚