Winner
Ep _ 19အစ်ကိုလေး ဝင်လာသည် မြင်တော့ အားတတ်သွားသည် ။ သူဌေးကို ဂရုစိုက်ပေးဖို့ ပြောရမည် ။
"အစ်ကိုလေး "
"အန်ကယ်လေးရော "
"အပြင်သွားတယ် "
"မင်းယံ ခဏနေ လာလိမ့်မယ် ငါ ဦးသာနဲ့ ချိန်းထားလို့ နောက်ကျမယ် ပြောပေး ပြီးရင် ငါ့တို့အတွက် ဝိုင်ကို ရှယ်ပြင်ပေးထား "
"ဟုတ် ..ဟို .. အစ်ကိုလေး ရုံးခန်းထဲ ခဏလောက် လိုက်ခဲ့ပါဦး ကျွန်တော်ပြောစရာ ရှိလို့ "
"အရေးကြီးလို့လား ဦးသာ စောင့်နေရလိမ့်မယ် ငါနောက်ကျလို့ မဖြစ်ဘူး "
"ဒါဆိုလည်း အစ်ကိုလေး ပြန်လာမှ ပြောတော့မယ် "
"ပြီးရော "
ဆိုင်ထဲက ထွက်သွားမည့် အချိန် စားပွဲဝိုင်း တစ်ခုက ကောင်လေးက ကျွန်တော့်အား နှုတ်ဆက်လေသည် ။
"ဟာ ကိုသန့်စင် ! "
"ဝိုင် ? "
"မေဂျာ သင်္ကြန် ရှိတယ်နော် လာမယ် မဟုတ်လား "
"ဒါပေါ့ ငါမပါရင် ဘယ်ပွဲစည်မလဲ "
"အစ်ကို ညီမင်းယံရော မပါဘူးလား "
ညီမင်းယံ ဆိုတဲ့ကောင် အကြောင်း မပြောချင် ။ စိတ်တွေ ကုန်လွန်းလို့ ။
"အဲ့ကောင်လား မပြောချင်ဘူး စိတ်ကုန်လွန်းလို့ "
"ဟောဗျာ ဘာဖြစ်လို့လဲ "
"အဲ့ကောင်က ခုထိ အလေလိုက်နေတုန်း ဆိုင်လေးတစ်ခု ပေါင်းဖွင့်မိပါတယ် ငါဘဲ အကုန်လိုက်ပြီး ဦးစီးနေရတယ် "
"ကိုသန့်စင် ဆိုင်ကို လာခဲ့ဦးမယ် ကျောင်းမှာတော့ နာမည်ကြီးဗျ "
"ငါက နာမည်ကြီးတာလား ငါ့လက်ရာက နာမည်ကြီးတာလား "
"မသိပါဘူး ခပ်ချောချော စာဖိုးမှူးလေး ဆိုပြီး ကောင်မလေးတွေကြား ရေပန်းစားလွန်းလို့ "
မင်းယံနှင့် ပေါင်းပြီး စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ထားသော်လည်း တကယ်တမ်းက...စားဖိုမှူးလည်း သန့်စင် ။
မန်နေဂျာလည်း သန့်စင် ။ စားပွဲထိုးလည်း သန့်စင် ။ သန့်ရှင်းရေးလည်း သန့်စင် ။
ပန်းကန်ဆေးတာကိုတောင် ဝန်ထမ်းတွေ ခန့်ထားလို့တော်သေးသည် ။

YOU ARE READING
Winner ?
RomanceCover by _ Aung Bhone Khant ဝိုင် တည်ဦးဝေ ဝဏ္ဏ မင်းဥာဏ်ဟိန်း ပေါ့ပေါ့ပါးပါး Boys Love fiction လေးပါ 💚