8.

8.3K 707 11
                                    

Winner ?
Ep _ 8

ဝိုင် က စိတ်ပျက်လက်ပျက် ခုံပေါ် မှောက်အိပ်နေသဖြင့် ဝဏ္ဏ တစ်ယောက်တည်း ပျင်းနေသည် ။

"ဒီနေ့မှ crush လေးကလည်း ကျောင်းမလာဘူး လွမ်းလိုက်တာ ဟန်လေးရာ "

လွမ်းရတာလည်း ပျင်းလာသည် ။ ပျင်းလို့ ဂိမ်းဆော့နေရင်း ဘေးနားကို လူတစ်ယောက် ရောက်လာသည် ။ ကြည့်လိုက်တော့ ဟိုကင်းကောင် ။

"ခဏလာဦး "

"ဘာလဲ မအားဘူး "

Crush ရဲ့ crush ဆိုတော့ အလိုလို ကြည့်မရ ။ သောက်ရမ်း ချောလွန်းနေတော့ ပိုးဆိုးသည် ။ အမြင်ကတ်ကတ်နဲ့ ဂိမ်းကိုသာ ဆက်ပြီး ဆော့နေလိုက်သည် ။

"မေးစရာရှိလို့ ခဏလာ "

"ဂိမ်းဆော့နေတယ်လေ ကန်းနေလား ? "

"မင်းဂိမ်းက အရေးမကြီးဘူး ဆော့မနေနဲ့ ရှုံးမှာဘဲကို "

"ဘာ ! မင်းတောင် ဆော့တတ်လို့လား "

"ပြိုင်ဆော့မလား လာစမ်းပါ အရေးကြီးလို့ပါဆို "

"ကျစ် ! "

မလိုက်မချင်း ဘေးနားကနေ ထိုင်ရစ်နေမည့် သဘောရှိသည် ။ ဝိုင့် ကိုကြည့်တော့လည်း သကောင့်သားက အိပ်နေသည် ။ H နောက် လိုက်သွားပြီး အတန်းအပြင်ဖက်တွင် မတ်တပ်ရပ်လိုက်သည် ။

"ပြော ဘာလဲ "

"ငါ ဘာလို့ ဝိုင့် ရဲ့ target ဖြစ်သွားတာလဲ "

"ဟို အဲ့တာက ... "

ခုနကတော့ တအားတွေ ရန်ထောင်နေပြီး ခုမှ လက်က ခေါင်းလေးကုတ်လိုက် လည်ပင်းလေး ပွတ်လိုက်ဖြင့် ။ စကားသံကို ထွက်မလာတော့ ။

"ဟေ့ မေးနေတာ ဖြေလေ "

"အဲ့တာက ... "

"ပြောလေ "

"ဟန်လေးက H ကို ကြိုက်နေလို့ "

"ဟန်လေး ? H ? ဘယ်သူတွေလဲ အဲ့တာက "

ဝိုင် ပြောသလို H လို့ သုံးလိုက်မိသဖြင့် ထိုကင်းကောင်က အူကြောင်ကြောင် ဖြစ်နေသည် ။

"နန်းသူသူဟန်က မင်းကို ကြိုက်နေလို့ "

"ဟမ် ? အဲ့တာနဲ့ ဘာဆိုင်လို့လဲ "

Winner ? Nơi câu chuyện tồn tại. Hãy khám phá bây giờ