24.

5.8K 516 0
                                    

Winner
Ep _ 24

"ဦး ကို လွမ်းလို့ "

ဦး ဆီက ပြန်စာ မလာတော့ ။ ဝိုင် သိပါသည် ... ဒီတစ်ခါ target က သိပ်ကို ခက်ခဲမည်ဆိုတာ ။

ဒီတစ်ခါ Game ကတော့ ဝိုင့် ဘဝရဲ့ နောက်ဆုံးသော Game ဆိုတာ ကျိန်ရဲပါသည် ။ လောင်းကြေးကတော့ သိပ်များသည် ... ရှုံးရင် ပေးဆပ်လိုက်ရမှာက ဝိုင့် နှလုံးသား တစ်ခုလုံး ။

ဟုတ်ပါသည် .... ဦး ကို ဝိုင် ချစ်နေမိပြီ ။

မစဉ်းစားချင်ခဲ့သည့် ဦး အပေါ်ထားသော ဝိုင့် ခံစားချက်များကို မနေ့ညကတော့ ရှောင်လွှဲမနေတော့ဘဲ တွေးဖြစ်သည် ။ အဖြေက တစ်ခုတည်းသာ .... ။

ဦး ကို ချစ်သည် ....။

》》》》》》》》》

တစ်နေကုန် အိမ်တွင် ကျောက်ရုပ် တစ်ရုပ်လို ငုတ်တုတ် ထိုင်နေရသည် ။
ညရောက်လို့ ပွဲ စရင် လာခဲ့မည် ပြောသော်လည်း ဒယ်ဒီက လက်မခံ ။

" မွေးနေ့ရှင် ဖြစ်ပြီး နောက်မှ ဝင်လာလို့ မရဘူး ခုကတည်းက ငြိမ်ငြိမ်ထိုင်နေ "

"မွေးနေ့ ? "

ဒယ်ဒီပြောမှ ဒီနေ့ဟာ ဝိုင့် မွေးနေ့ ဖြစ်ကြောင်း သတိရသည် ။ မွေးနေ့ရှင် ဖြစ်သော ဝိုင် သည်လည်း တစ်နေကုန် ထို်င်နေရင်း ပျင်းရိစွာ ဖြတ်သန်း  ရလေသည် ။

မွေးနေ့ပါတီ ဆိုသော်လည်း ပူဖောင်းတွေ ကိတ်တွေ မရှိ ။ ကြွရောက်လာသည့် ဧည့်သည်တော်များသည်လည်း ဒယ်ဒီ့ စီးပွားရေး ပါတနာများ ဖြစ်သည် ။

ပါတီတွင် ထုံးစံအတိုင်း ဒယ်ဒီက သူ့မိတ်ဆွေများ၏ သမီးတွေဖြင့် မိတ်ဆက်ပေးနေသည် ။ တစ်နေ့ တစ်နေ့ ရွှေလမ်း ငွေလမ်း ဖောက်ချင်နေသည်မှာ မပြီးနိုင်တော့ ။ ဘယ်သော အခါမှလည်း ဒယ်ဒီ့ အကြံစည်တွေက အောင်မြင်သည် မဟုတ် ။

"ဒီသမီးလေး နာမည်က ကြွေရုပ်လွှာ တဲ့ ကြည်စမ်း တကယ့် ကြွေရုပ်ကလေး အတိုင်းဘဲ ဘယ်လောက် လှလိုက်သလဲ "

ဒယ်ဒီ့ စကားကြောင့် ကောင်မလေးကို ပြုံးပြီး ခေါင်းညိမ့်လိုက်ရသည် ။

"ကြွေရုပ်လွှာလေးက ဦးကျော်စွာရဲ့ သမီးလေ ... ခုဆို ဦးကျော်စွာရဲ့ အလုပ်တွေကို မန်နေဂျာ ရာထူးနဲ့ ဝိုင်းလုပ်ပေးနေရှာတာ ဘယ်လောက် လိမ္မာလဲ "

Winner ? Where stories live. Discover now