20.

6.5K 536 5
                                    

Winner
Ep _ 20

"ဦး သိလား ကျွန်တော့် အကြောင်း "

"ဘာအကြောင်းလဲ "

"ကျွန်တော် ဘာလို့ ကောင်မလေးတွေကို လိုက်ကစားနေရတာလဲ ဆိုတာလေ "

တကယ်တော့ ဘော့စ်ကြောင့် ဖြစ်ဖို့များသည် ။ ဘော့စ်က အရမ်းရှုပ်သည်လေ ။ တစ်ခါတစ်ရံဆို ဘော့စ်အရှုပ်တွေ ရုံးထိ ရောက်ချ လာတတ်လို့ မနည်းရှင်းယူရသည် ။ ဝိုင့် မေမေနှင့် ကွဲသွားသည်မှာလည်း ဘော့စ် အကျင့်ဆိုးကြောင့်ပင် ။ ဒါကို ဒီကလေး စိတ်နာနေဟန်ရသည် ။

"မင်းအဖေကြောင့်လား "

"ဟင် ! "

ဝဏ္ဏလို သူငယ်ချင်း အရင်းကြီးတောင် ဝိုင့် စိတ်ကို မသိခဲ့ ။ အသည်းကွဲဖူးလို့ လျှောက်လုပ်နေသည် ထင်နေကြတာ ။
ဝိုင့် အကြောင်း ဘာမှ မပြောရသေးခင် ဦး က ခန့်မှန်းမိနေတော့ ... ဝိုင့် စိတ်ကို နားလည်နိုင်သည်လား ။

"မင်းဒီလိုတွေ လျှောက်လုပ်နေတာ မင်းအဖေတောင် ဘာမှ မပြောမှတော့ သူ့အပြစ်တွေ ရှိနေလို့ပေါ့ "

"အင်း ကျွန်တော့် အမေ နဲ့ အဖေက ကွဲနေတာ "

"ငါသိတယ် "

"အဖေက တအား ရက်စက်တာ ဘယ်လိုဘဲ မိဘပေးစားလို့ ယူထား ယူထားပေါ့ ...ယူပြီးမှတော့ အဲ့လို မလုပ်သင့်ဘူး "

"မိဘတွေ ကိစ္စကြောင့်တော့ စိတ်လိုက်မာန်ပါတွေ လျှောက်လုပ် မနေပါနဲ့တော့ ဝိုင် ..."

"အင်း "

အခု အဲ့တာမျိုးတွေ မလုပ်ချင်တော့သည့် အကြောင်းကိုတော့ ဦး ကို မပြောဖြစ် ။

"ဘော့စ် အခုရော ခြေရှုပ်တုန်းလား "

"အင်း တစ်နေ့တစ်ယောက် "

" .... "

ဦးကပါ ကျွန်တော့် အကြောင်းတွေ ကြားပြီး စိတ်ရှုပ်သွားသည် ထင်သည် ။

"ဦး ကျွန်တော် ကျောင်းက assignment ထပ်ရမှာ ကူလုပ်ပေးပါလား "

"ဘာ ? "

"ဦး တူလေးတွေနဲ့ ကျွန်တော်နဲ့ စာတွေ တူတယ်လေ အဲ့တုန်းကရော ဦး လုပ်ပေးဖူးလား လုပ်ပါ ကူညီပါ "

Winner ? Where stories live. Discover now